⚙️17⚙️

13.2K 1.5K 174
                                    

(Unicode)

"ကိုကို အဲ့ဒါဘာလုပ်နေတာလဲ"

ထယ်ဟီး မျက်လုံးလေး ဝိုင်းစက်၍ ထယ်ယောင်းကိုကြည့်ကာ တအံ့တဩအမေးပြုမိသည်။

မမေးလို့လည်းမရ။ ထယ်ယောင်းဟာ ဆိုဖာပေါ်မှာ တင်ပလ္လင်ခွေထိုင်ရင်း လက်ဖဝါးနှစ်ဖက်ကို အလယ်တွင် ယှက်ကာ တရားထိုင်နေတာကြောင့်ပင်။ ပုံမှန်ဆို တရားထိုင်တာ မထူးဆန်းပေမယ့် တစ်ခါမှ တရားမထိုင်ဖူးတဲ့ ထယ်ယောင်းက တရားထိုင်နေသည်မို့ ထူးဆန်းနေသည်လေ။

"ကိုကို"

ပြန်မဖြေသော အစ်ကိုဖြစ်သူအား ဒုတိယအကြိမ်ထပ်ခေါ်လိုက်လေတော့ ထယ်ယောင်းက မျက်လုံးလေး ဖြေးညင်းစွာ ပွင့်လာပြီး လက်ညိုးလေးထောင်ကာ နှုတ်ခမ်းနား တေ့လိုက်သည်။ တိုးတိုးနေရန် အချက်ပြသည့်သဘော။

"မဟုတ်သေးဘူးလေ၊ ကိုကိုက ဘာလို့ ရုတ်တရက်ကြီး တရားထိုင်နေတာလဲ"

"ဒီတိုင်း ‌ကြောက်စရာကောင်းပြီး မဟုတ်တဲ့အတွေးတွေ ခဏခဏဝင်နေလို့ စိတ်ငြိမ်အောင် တရားထိုင်နေတာ"

"ကြောက်စရာကောင်းပြီး မဟုတ်တဲ့အတွေး?"

ထယ်ဟီးက နားမလည်ဟန် သံယောင်လိုက်၍ ရေရွတ်ရင်း မျက်မှောင်လေးကြုံ့သွားလေသည်။ အခု ကိုကိုက တကယ်ထူးဆန်းနေတာ။

"ဒါဆိုလည်း ဆက်ထိုင်နေပါ၊ ညီမလေး စာကြည့်တိုက်သွားတော့မယ်"

"ခဏလေး"

ချက်ချင်းမျက်လုံးပွင့်ကာ ထယ်ဟီးအား ကမန်းကတမ်းလှမ်းတားလာတဲ့ ထယ်ယောင်း။ အဲ့တော့မှ ထယ်ဟီးလည်း ခြေလှမ်းတွေ ရပ်တန့်သွားပြီး ထယ်ယောင်းဘက်ကို လှည့်ကြည့်လာလေသည်။

"ကိုကိုတရားထိုင်တာကလည်း အာရုံတော်တော်စိုက်မိနေတော့မှာပဲ"

"အဲ့ဒါအသာထား၊ ဒီနေ့ ဘယ်အချိန်ပြန်လာမှာလဲ"

"ထုံးစံအတိုင်း ညဘက်လောက်ပေါ့၊ ဘာလို့လဲ"

"ဘာမှမဟုတ်ဘူး၊ မေးကြည့်တာ သွားတော့"

ထယ်ယောင်းက ပြောပြီးတာနဲ့ ချက်ချင်း ထယ်ဟီး၏ တုန့်ပြန်မှုကိုပင် မစောင့်တော့ဘဲ မျက်လုံးမှိတ်ကာ တရားဆက်ထိုင်နေလေ‌၏။ ဘာရယ်မဟုတ်၊ စိတ်တွေ ဂယောက်ဂယက်ဖြစ်နေလို့ ညီမဖြစ်သူအား မေးမိမေးရာ မေးလိုက်မိတာ။

Unrealistic Husband [Completed]Where stories live. Discover now