⚙️6⚙️

14.7K 1.8K 235
                                    

(Unicode)

အလုံပိတ်ကားထဲတွင် တိတ်ဆိတ်ငြိမ်သက်၍ အေးစက်စက် အငွေ့အသက်တချို့ရနေသည်။ ပြင်ပမှ အသံများလည်း သေချာမကြားရသလို ကားထဲရှိ လူနှစ်ယောက်မှာလည်း စကားတစ်ခွန်းမှ မပြောကြ။

လက်တစ်ဖက်ထဲနဲ့ ကားမောင်းနေသော ဂျောင်ဂုဟာ အေးဆေးတည်ငြိမ်သလောက် ထယ်ယောင်းမှာတော့ ဂဏှာမငြိမ်တော့။ ဟိုတယ်ကို သွားနေသည်ဆိုတဲ့ အသိက ထယ်ယောင်းကို တုန်လှုပ်စေသည်။

ဘယ်အခြေအနေထိ ဖြစ်သွားနိုင်သလဲဆိုတဲ့ စိတ်နဲ့ ထယ်ယောင်းမှာ သူ့လက်ချောင်းလေးတွေကို အချင်းချင်း အကြောင်းမဲ့ ပွတ်သပ်နေမိ၏။

"ဗစ်ထိုရီ"

တိတ်ဆိတ်မှုကို ဦးစွာဖြိုခွဲလိုက်သူက ဂျောင်ဂု။ ခေါ်သံကြောင့် ထယ်ယောင်းသည်လည်း ဂျောင်ဂုဘက်ကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။

ထယ်ယောင်းလှည့်ကြည့်လာသည်နှင့်တပြိုင်နက် ဂျောင်ဂု၏ လက်ဖဝါးကျယ်ကျယ်ဟာ ထယ်ယောင်း လက်ချောင်းသွယ်သွယ်တွေဆီ အုပ်ကိုင်လာလျက်။

"တစ်ခုခုကြောင့် အဆင်မပြေဖြစ်နေတာလား"

"ငါ့ကို မထိနဲ့"

ထယ်ယောင်းက လျင်မြန်စွာ ဂျောင်ဂုလက်တွေထဲမှ ရုန်းထွက်လိုက်ပြီး လက်နှစ်ဖက်ကို ပိုက်လိုက်ရာ လက်ကို ဖွက်ထားသကဲ့သို့ ဖြစ်သွားတော့သည်။ ထယ်ယောင်းအပြုအမူ‌ကို ဂျောင်ဂုမှာ နားမလည်နိုင်စွာဖြင့် ကြောင်တောင်တောင်။

"ရုတ်တရက်ကြီး ဘာဖြစ်တာလဲ"

"ကားပြန်လှည့်"

ဟုတ်သည်။ ပိုက်ဆံဘယ်လောက်ပဲ ရနေပါစေ၊ ဒီလောက်အထိတော့ မလုပ်သင့်ဘူးမလား။ ကင်ထယ်ယောင်း...သိက္ခာရှိစမ်းပါ။

"ဘာ"

"ကားပြန်လှည့်ပါဆို၊ ဟိုတယ်မသွားဘူး"

"ရုတ်တရက်ကြီး ဘာလို့လဲ၊ မောင်က ဗစ်ထိုရီအတွက် ပြင်ဆင်ထားတာတွေရှိတယ်"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမျက်လုံးလေးများ ပုံမှန်ထက်ပို၍ ပြူးကျယ်ဝိုင်းစက်သွားတော့သည်။ ဟိုတယ်မှာ ပြင်ဆင်တယ်ဆိုမှတော့ ရုပ်ရှင်တွေထဲကလို အိပ်ရာပေါ် နှင်းဆီပွင့်ချပ်တွေ ကျဲထားမျိုးလား။ ရုပ်လေးက လူကြီးလူကောင်းပုံစံနဲ့ တကယ့်နှာဘူးပဲ။

Unrealistic Husband [Completed]Donde viven las historias. Descúbrelo ahora