⚙️13⚙️

14.7K 1.7K 599
                                    

(Unicode)

အနောက်ဘက်သို့ တဖြည်းဖြည်း ပျောက်ကွယ်တိုးဝင်သွားသော နေမင်းကြီးဟာ နေ့တစ်နေ့ အဆုံးသတ်ပြီဟု လူသားတွေကို လှလှပပ အသိပေးလိုက်သယောင်။

တစ်နေ့တာရဲ့ အဆုံးကို ဂျောင်ဂုနဲ့အတူ ကြည့်ရတဲ့ခံစားချက်က ရင်ခုန်ဖို့တော့ ကောင်းသည်။ သူ့လို သူဌေးသားလေးက ဟန်မြစ်ဘေးတွင် စီးကရက်ဖွာရင်း ဒီလောက်ကြာကြာထိုင်နိုင်လိမ့်မယ်လို့တောင် ထယ်ယောင်းမထင်။

"အိမ်ပြန်ကြတော့မလား ဗစ်ထိုရီ"

ဂျောင်ဂုထံမှ ထွက်ပေါ်လာသော အသံတိုးလျလျ။ အဲ့တော့မှ ထယ်ယောင်းလည်း မျက်တောင်လေးတဖျတ်ဖျတ်ခတ်ရင်း ဂျောင်ဂုမျက်နှာကို မော့ကြည့်လာလေသည်။

ဒီတိုင်းပဲ ပြီးသွားမှာလား။ နောက်တစ်ခါ အလုပ်များသောဂျောင်ဂုနဲ့ တွေ့ဖို့ဆိုတာ ခက်တော့ ဒီလို လွယ်လွယ်နဲ့ လမ်းမခွဲချင်သေးဘူး။ ဂျွန်ဂျောင်ဂုကို ဒီနေ့လိုချင်သေးတယ်။ ဒီထက် ပိုပြီး အဆင့်တက်ကြည့်ချင်တယ်။

"အိမ်မပြန်ချင်တော့ဘူး"

ထယ်ယောင်း မရဲတရဲနဲ့ ပြောလိုက်မိသည်။ အခုလို ညမှောင်ရီပျိုးခါစမှာ ဒီစကားကို ပြောကတည်းက အထာတော့ ပေါက်သင့်တယ်မလား။

"ဒီလိုဆို ဗစ်ထိုရီ ဘယ်သွားချင်သေးလို့လဲ"

"အိမ်မပြန်ချင်သေးဘူးလို့ ပြောတာမဟုတ်ဘူး၊ အိမ်မပြန်ချင်တော့ဘူးလို့ ပြောတာ"

"ဒါဆို ဗစ်ထိုရီအဖေကို အသိပေးပြီး မောင့်အိမ်လိုက်ခဲ့မလား"

တော်တယ်။ ဒီတစ်ခါတော့ ဒီ၂၃နှစ်သား တော်သွားပြီ။ ဒီနေ့ ဂျွန်ဂျောင်ဂုကို လူပျိုရည်ဖျက်ပြမယ်။

"အင်း.. ဒယ်ဒီကို မောင်ကိုယ်တိုင်ပြောပေး"

"ကောင်းပြီ၊ မောင်အခုပြောလိုက်မယ်"

ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ သူ့ဖုန်းလေးကို ထုတ်ကာ ‌သူဌေးဂန်ဆီ မတုန်မလှုပ် ဖုန်းဆက်ဖို့လုပ်နေသည်မို့ ထယ်ယောင်းအံ့ဩမိသည်။ သားကို အိမ်ခေါ်သွားဖို့ အဖေကို ဖုန်းဆက်ပြောရဲတာကိုတော့ လေးစားမိသား။ သာမန်ယောက်ျားလေးတွေဆို ပြောရဲပါ့မလား။

Unrealistic Husband [Completed]Hikayelerin yaşadığı yer. Şimdi keşfedin