⚙️5⚙️

15K 1.8K 455
                                    

(Unicode)

နေ့လယ် ၁၁နာရီခန့်။
ဒီနေ့တော့ လူကြီးတွေမပါဘဲ ဂျောင်ဂုနဲ့ နှစ်ယောက်တည်း တွေ့ရမည်မို့ ထယ်ယောင်းနှလုံးခုန်သံတွေဟာ ဂဏှာမငြိမ်။ မတော်တဆ ဂျောင်ဂုရှေ့တွင် အမှားလုပ်မိရင် ဒုက္ခအကြီးကြီးရောက်မှာ အသေအချာပင်။

ထို့ပြင် ဂျောင်ဂုက အိမ်ထိ လာခေါ်မည်ဆိုတာကြောင့် ထယ်ယောင်းမှာ သူဌေးဂန်၏ အိမ်တွင် စောစောစီးစီးရောက်နေရတော့သည်။ သူဌေး၏ ဆန္ဒအတိုင်း ထယ်ယောင်းမှာ လှပကြော့‌ရှင်းနေအောင် ဝတ်စားပြင်ဆင်ထားရပြီး သတိပေးချက်များကို မှတ်နေရတာလည်း အကြိမ်ကြိမ်။

"ငါစိတ်ချမယ်နော်၊ အမှားအယွင်းလုံးဝရှိလို့မရဘူးဆိုတာ သိတယ်မလား"

"ဟုတ်ကဲ့ သူဌေး"

"ပြီးတော့ ပြောထားတဲ့အတိုင်း သူ့ကို ဆွဲဆောင်ပါ၊ မင်းရဲ့ ရုပ်ရည်က နဂိုချောပြီးသားပဲမို့ ယုံကြည်ချက်ရှိရှိလုပ်"

ဒီအချက်က နည်းနည်းကသိကအောက်ဖြစ်စရာပေမယ့် ဘယ်တတ်နိုင်မလဲ။ ထယ်ယောင်းမှာ ခေါင်းငြိမ့်သဘောတူရရုံသာ။

ထိုအချိန်မှာပဲ ခြံဝန်းကျယ်ကြီးထဲ ကားနက်လေးတစ်စီးထိုးဝင်လာတာကို ‌ထယ်ယောင်းရော သူဌေးရော သတိထားမိလိုက်ကြသည်။ ဒါဟာ ဂျွန်ဂျောင်ဂုအပြင် တခြားသူမဖြစ်နိုင်။

စိတ်လှုပ်ရှားမှုကြောင့် ထယ်ယောင်းလက်ဖျားလေးတွေ အေးစက်လာပြီး မျက်လုံးလေးများက ဂဏှာမငြိမ်တော့။ တဖြည်းဖြည်းနီးကပ်လာသော ကားနက်လေးကိုသာ မျက်တောင်မခတ်တမ်းငေးရင်း စိတ်ကို အသင့်ပြင်ထားလိုက်သည်။

ဆင်ဝင်အောက်တွင် ကားနက်လေးရပ်သွားပြီး ကားထဲမှ ဂျောင်ဂုဟာ‌ ကြော့မော့စွာ ထွက်လာလေသည်။ ပထမဆုံးတွေ့တုန်းကလိုပင် ဆံပင်ကို အနောက်ကို လှန်တင်ထားလျက်၊ Formal suit အနက်ရောင်လေးကို ဝတ်ထားသည်။ ရိုးရိုးပဲ ပြင်ထားတာတောင် ဒီလူ၏ ချောမောခန့်ညားမှုက မျက်စိ‌ကျိန်းလောက်ပေမည်။

ဂျောင်ဂု ကားထဲက ထွက်သည်နှင့် သူဌေးဂန်ဟာ ဂျောင်ဂုဆီ လျှောက်သွားသည်မို့ ထယ်ယောင်းမှာလည်း အနောက်ကလိုက်ရသည်။ အနားရောက်တာနဲ့ ဂျောင်ဂုက ထယ်ယောင်းအား တစ်ချက်မျှသာကြည့်ပြီး သူဌေးဂန်အား ခေါင်းလေးအသာငုံ့ကာ နှုတ်ဆက်လာသည်။

Unrealistic Husband [Completed]Where stories live. Discover now