⚙️15⚙️

13.3K 1.6K 156
                                    

(Unicode)

ယနေ့ ထယ်ဟီးအား ကျောင်းအဆောင်တွင် အပ်ပေးဖို့အတွက် ထယ်ယောင်းရော ထယ်ဟီးပါ အဆောင်တွင် ရောက်နေချေပြီ။

ဒီတစ်ခေါက်ပြီးရင် ညီမလေးနဲ့ပဲ နေမယ်ဟု ကတိအထပ်ထပ်ပေးခဲ့တာကြောင့် ထယ်ဟီးဟာ အဆောင်နေရတာ သဘောမကျသော်လည်း သဘောတူလက်ခံခဲ့ပါသည်။

ထယ်ဟီးနဲ့ အဆင်ပြေသွားပေမယ့် ခက်တာက ဂျောင်ဂုပင်။ မနေ့ညက ပို့ခဲ့သည့်မက်ဆေ့ကို ဂျောင်ဂုက အခုချိန်ထိ seen သာပြပြီး reply မလာ။ ညကသာ ညီမဇောနဲ့ အိမ်အမြန်ပြန်ခဲ့မိပေမယ့် အခုမှ ဂျောင်ဂုအထင်လွဲသွားမှာကို ကြောက်နေမိသည်ဆိုရင် မျက်နှာပြောင်တိုက်ရာကျလေမလား။

ဖုန်းဆက်ပြီး မေးကြည့်‌ရအောင်အထိလည်း ထယ်ယောင်းသတ္တိမရှိပါ။ အခုချိန် စိတ်ထဲ အရာအားလုံး ရှုပ်ထွေးနေတာကလွဲရင် ဘာကိုမှ သေချာမစဉ်းစားနိုင်သေးတာကြောင့် ဖုန်းကို ပြန်ပိတ်ကာ ထယ်ဟီးအတွက် အာရုံစိုက်ဖို့သာ ကြိုးစားတော့သည်။

"ထယ်ဟီး"

ခေါ်လိုက်တော့ ထယ်ဟီးက စိတ်မပါလက်မပါနဲ့ မော့ကြည့်လာသည်။

"ဒီမှာ ခဏစောင့်နေနော်၊ ကိုကို စာရင်းသွားပေးလိုက်မယ်"

"ဟုတ်"

ထိုအခါမှ ထယ်ယောင်းလည်း အသာလေးပြုံးပြကာ ထွက်သွားလေ၏။ ထယ်ယောင်းထွက်သွားမှ ထယ်ဟီးလည်း သက်ပြင်းတစ်ချက်ချရင်း အနားရှိ ထိုင်ခုံတန်းတွင် ဝင်ထိုင်ဖို့ နောက်ကိုအလှည့်။

"အာ့"

တစ်စုံတစ်ယောက်နဲ့ တိုက်မိပြီး ရင်ဘတ်မှ အင်မတန်ပူလောင်သော ခံစားချက်နဲ့အတူ အညိုရောင် အရည်များက အင်္ကျီပေါ် ပေကျံကုန်၏။ ကော်ဖီတွေဖြစ်မည်။ စိတ်ရှုပ်နေရတဲ့ကြားထဲ အင်္ကျီပေါ် ကော်ဖီတွေ မှောက်ချပစ်သည့်လူအား စိတ်တိုတိုနဲ့ ကြည့်မိလေတော့

"တောင်းပန်ပါတယ် မမ၊ ညီမ တကယ် မရည်ရွယ်ပါဘူး"

နူးညံ့ချိုသာသော အသံလေးနှင့် ပြာပြာသလဲတောင်းပန်လာတဲ့ ကောင်မလေးတစ်ယောက်။ လက်ထဲမှာလည်း ကော်ဖီခွက်လေးကို တုန်ယင်စွာ ကိုင်ထားပြီး မျက်ဝန်းများက အလွန်အမင်းအားနာနေဟန်။ ဆံပင်ဂုတ်ဝဲလေးကို ဆံမြိတ်ချထားသဖြင့် ဒီကောင်မလေးက ချစ်စရာကောင်းနေတာတော့ အမှန်။

Unrealistic Husband [Completed]Where stories live. Discover now