intro

43.6K 2K 136
                                    

(Unicode)

"ဒီအလုပ်ကို လက်ခံရင် မင်းမျှော်မှန်းထားတဲ့ငွေပမာဏထက် များတဲ့ ပိုက်ဆံတွေ ငါပေးနိုင်တယ် ထယ်ယောင်း၊ မင်းရဲ့ ညီမလေးလည်း ချမ်းချမ်းသာသာနဲ့ တက္ကသိုလ်ကောင်းကောင်းတက်နိုင်မယ်လေ၊ ဘယ်လိုလဲ"

ပိုက်ဆံစကားကြားလိုက်ရတော့ ထယ်ယောင်း လက်ချောင်းလေးတွေ အချင်းချင်း အကြောင်းပြချက်မရှိ ပွတ်သပ်ကုတ်ဖဲ့နေမိပြီး မျက်ဆံညိုညိုလေးများဟာ စိတ်လှုပ်ရှားစွာ လှုပ်ခတ်နေလျက်။

ပိုက်ဆံကို ဘုရားလို ကိုးကွယ်သူတွေထဲ ကိုယ်တိုင်လည်း ပါသည်မို့ ထိုငွေပမာဏကို မငြင်းချင်။ အဓိကက ညီမဖြစ်သူကို ချမ်းချမ်းသာသာထားချင်သည်။

"မင်းလုပ်ရမှာက တစ်ချက်ထဲပါ၊ ဗစ်ထိုရီယောင်ဆောင်ပြီး ဂျွန်ဂျောင်ဂုနဲ့ လက်ထပ်ဖို့ပဲ"

နောက်ဆက်တွဲစကားကြောင့် ထယ်ယောင်း၏ လှုပ်ခတ်နေသော လက်ချောင်းလေး‌တွေက ရုတ်ချည်းရပ်တန့်သွား၏။ မိန်းမတစ်ယောက်နဲ့တောင်မဟုတ်၊ တစ်ခါမှမမြင်ဖူးသော ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ရမည်ဆိုသည်က သိပ်တော့ အဆင်ပြေမနေပါ။

"မင်းနဲ့ မင်းညီမလေးရဲ့ ဘဝကို သူဌေးတွေအဖြစ် ပြောင်းပေးမယ်"

ထိုအခါမှ ထယ်ယောင်းမျက်နှာလေး တဖြည်းဖြည်း ပြန်မော့လာပြီး ထိုလူကြီးကို ကြည့်မိသည်။ ထိုသူ၏ မျက်ဝန်းများဟာ စူးရဲနေလျက် အမှန်တကယ်ပင် ဒီအလုပ်ကို သဘောတူဖို့ တိုက်တွန်းနေသယောင်။

ထယ်ယောင်း တံတွေးတစ်ချက် မသိမသာမြိုချမိ၏။ ဘယ်လိုလဲ လက်ခံလိုက်သင့်လား?

.
.

[A/N. အရှေ့မှာ drama တွေသွားထားတော့ ဒါလေးကို ပေါ့ပေါ့ပါးပါးလေးပဲ သွားပါမယ်၊ လူကိုယုံရင် ongoing လိုက်ခဲ့လို့ရပါ၏👀 /EunJee]








(Zawgyi)

"ဒီအလုပ္ကို လက္ခံရင္ မင္းေမွ်ာ္မွန္းထားတဲ့ေငြပမာဏထက္ မ်ားတဲ့ ပိုက္ဆံေတြ ငါေပးနိုင္တယ္ ထယ္ေယာင္း၊ မင္းရဲ႕ ညီမေလးလည္း ခ်မ္းခ်မ္းသာသာနဲ႕ တကၠသိုလ္ေကာင္းေကာင္းတက္နိုင္မယ္ေလ၊ ဘယ္လိုလဲ"

ပိုက္ဆံစကားၾကားလိုက္ရေတာ့ ထယ္ေယာင္း လက္ေခ်ာင္းေလးေတြ အခ်င္းခ်င္း အေၾကာင္းျပခ်က္မရွိ ပြတ္သပ္ကုတ္ဖဲ့ေနမိၿပီး မ်က္ဆံညိုညိုေလးမ်ားဟာ စိတ္လႈပ္ရွားစြာ လႈပ္ခတ္ေနလ်က္။

ပိုက္ဆံကို ဘုရားလို ကိုးကြယ္သူေတြထဲ ကိုယ္တိုင္လည္း ပါသည္မို႔ ထိုေငြပမာဏကို မျငင္းခ်င္။ အဓိကက ညီမျဖစ္သူကို ခ်မ္းခ်မ္းသာသာထားခ်င္သည္။

"မင္းလုပ္ရမွာက တစ္ခ်က္ထဲပါ၊ ဗစ္ထိုရီေယာင္ေဆာင္ၿပီး ဂြၽန္ေဂ်ာင္ဂုနဲ႕ လက္ထပ္ဖို႔ပဲ"

ေနာက္ဆက္တြဲစကားေၾကာင့္ ထယ္ေယာင္း၏ လႈပ္ခတ္ေနေသာ လက္ေခ်ာင္းေလး‌ေတြက ႐ုတ္ခ်ည္းရပ္တန့္သြား၏။ မိန္းမတစ္ေယာက္နဲ႕ေတာင္မဟုတ္၊ တစ္ခါမွမျမင္ဖူးေသာ ေယာက္်ားတစ္ေယာက္နဲ႕ လက္ထပ္ရမည္ဆိုသည္က သိပ္ေတာ့ အဆင္ေျပမေနပါ။

"မင္းနဲ႕ မင္းညီမေလးရဲ႕ ဘဝကို သူေဌးေတြအျဖစ္ ေျပာင္းေပးမယ္"

ထိုအခါမွ ထယ္ေယာင္းမ်က္ႏွာေလး တျဖည္းျဖည္း ျပန္ေမာ့လာၿပီး ထိုလူႀကီးကို ၾကည့္မိသည္။ ထိုသူ၏ မ်က္ဝန္းမ်ားဟာ စူးရဲေနလ်က္ အမွန္တကယ္ပင္ ဒီအလုပ္ကို သေဘာတူဖို႔ တိုက္တြန္းေနသေယာင္။

ထယ္ေယာင္း တံေတြးတစ္ခ်က္ မသိမသာၿမိဳခ်မိ၏။ ဘယ္လိုလဲ လက္ခံလိုက္သင့္လား?

.
.

[A/N. အေရွ႕မွာ drama ေတြသြားထားေတာ့ ဒါေလးကို ေပါ့ေပါ့ပါးပါးေလးပဲ သြားပါမယ္၊ လူကိုယုံရင္ ongoing လိုက္ခဲ့လို႔ရပါ၏👀 /EunJee]








Unrealistic Husband [Completed]Opowieści tętniące życiem. Odkryj je teraz