(Unicode)
ခမ်းနားဝင့်ထည်သော အခန်းထဲတွင် စားကောင်းသောက်ဖွယ်များအား သူစိမ်းသုံးယောက်နဲ့အတူ စားနေရသည်က ထယ်ယောင်းအတွက် လုံးဝအဆင်ပြေမနေပါ။
"ဗစ်ထိုရီ.. ခံတွင်းတွေ့ရဲ့လား၊ ဂျာမနီက ရောက်ခါစဆိုတော့ ကိုရီးယားစာတွေနဲ့ အကျင့်ဖြစ်ဦးမှာမဟုတ်လို့ အနောက်တိုင်းစာတွေပဲ မှာပေးထားတာ"
ရုတ်တရက် အမေးပြုလာသော သူဌေးဂျွန်ကြောင့် ထယ်ယောင်းမှာ ခေါင်းလေးအသာမော့လာပြီး အစွမ်းကုန်ပြုံးပြလိုက်မိသည်။
"ဟုတ်ကဲ့ စားရတာအဆင်ပြေပါတယ်"
ထိုအခါမှ သူဌေးဂျွန်ဟာလည်း ကျေနပ်ပြုံးကြီး ပြုံးသွားလေ၏။
တကယ်တော့ ထယ်ယောင်း အဆင်ပြေမနေပါ။ အနောက်တိုင်းစာတွေက အရသာရှိတာမှန်သော်လည်း စားနေကျမဟုတ်သည့်အတွက် ထယ်ယောင်း အလွန်ပင် အီစိမ့်နေပြီဖြစ်သည်။ အခုချိန်တွင် အတောင့်တဆုံးအရာက ကင်ချီဟင်းရည် စပ်စပ်လေး တစ်ခွက်သာ။
နောက်ထပ် ထပ်စားဖို့ လုံးဝ အဆင်မပြေတော့တာမို့ ခက်ရင်းတွင်ထိုးထားသော အသားကို ပါးစပ်ထဲ မထည့်ဘဲ ဟိုလှည့်ဒီလှည့်သာ လုပ်နေမိသည်။
သူဌေးနှစ်ယောက်ကလည်း အချင်းချင်း စကားဖောင်ဖွဲ့နေသည်မို့ ထယ်ယောင်းဖြစ်နေတာကို သတိမပြုမိကြ။ သို့သော် ထယ်ယောင်းရှေ့တည့်တည့်တွင် ထိုင်နေသူကတော့ သတိပြုမိဟန်။
ဂျောင်ဂုဟာ စားနေတာကို ခဏရပ်လိုက်ပြီး စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို အသာကိုင်၍ ထယ်ယောင်းဖန်ခွက်ထဲကို လောင်းထည့်ပေးလာသည်။
"ဗိုက်ပြည့်နေရင်လည်း ရပ်လိုက်လို့ ရတယ်လေ၊ ဘာလို့ အတင်းဆက်စားနေတာလဲ"
အရယ်အပြုံးမရှိဘဲ မေးလာသော ဂျောင်ဂု၏ အေးတိအေးစက်အသံ။ မျက်လုံးတွေကလည်း ထယ်ယောင်းကို မကြည့်ဘဲ တာဝန်အရသာ စကားပြောလိုက်ရသည့်ပုံစံ။
ထယ်ယောင်း ဘာမှပြန်မပြောမိ၊ ဗိုက်ပြည့်တာရော၊ ချိစ်တွေကြောင့် အီစိမ့်နေတာရောကြောင့် မအီမလည်ကြီးဖြစ်နေတာပဲ သိသည်။ အဆင်ပြေလိုပြေငြား ဂျောင်ဂုငှဲ့ပေးလာသော ဝိုင်ကို ယူကာ တစ်ငုံသောက်လိုက်တော့ အခြေအနေက ပိုဆိုးကုန်၏။
VOCÊ ESTÁ LENDO
Unrealistic Husband [Completed]
Fanficjeon jungkook x kim taehyung Started Date ~ Sep 16, 2022 Ended Date ~ Dec 28, 2022