(Unicode)
တိတ်ဆိတ်နေသော ကားပါကင်ထဲတွင် ဘာကိုမှ မမြင်တော့သည့်အလား အရူးအမူးအနမ်းခြွေနေကြသော ယောက်ျားနှစ်ယောက်ရှိနေသည်။ ထိုအချိန် ခပ်လှမ်းလှမ်းမှ ရုတ်တရက်ဆိုသလို ကားဟွန်းတီးသံထွက်လာရာ နှစ်ယောက်သား တိုင်ပင်မထားဘဲ ကိုယ်ချင်းအမြန်ခွာလိုက်ကြတော့၏။
ကားတစ်စီး ကားပါးကင်ထဲသို့ ဖြည်းညင်းစွာ ဝင်လာတာကို အတူကြည့်နေမိကြရင်းနဲ့မှ စိတ်အာရုံတွေဟာ တဖြည်းဖြည်း ပစ္စုပ္ပန်အခြေအနေကို ရောက်လာကြသလို။ နှစ်ယောက်သား နေရခက်စွာဖြင့် တစ်ယောက်နဲ့တစ်ယောက် မကြည့်ကြဘဲ အဝေးကိုသာ ဟိုကြည့်ဒီကြည့်လုပ်နေမိကြသည်။
"အိမ်ပြန်ချင်တယ်"
ထယ်ယောင်းထံမှ အသံတိုးတိုး။ အင်မတန်တိုးညင်းလှပေမယ့် ဂျောင်ဂုကြားဖြစ်အောင်ကြားလိုက်ပါသေးသည်။
"လိုက်ပို့ပေးမယ်"
ထိုမျှသာ။ ဘာစကားထွေထွေထူးထူးမှ မပြောဖြစ်ကြဘဲ ဂျောင်ဂုက အရင် ထိုနေရာမှ လှည့်ထွက်ပြီး ကားရှိရာကို ပြန်ဦးတည်သွားလေ၏။ ထယ်ယောင်းလည်း ဘာစောဒကမှမတက်ဘဲ တုန်ယင်နေသော ခြေထောက်အစုံကို ပြန်လှုပ်ရှားစေပြီး ဂျောင်ဂုနောက် ခပ်လှမ်းလှမ်းမှနေ၍ လိုက်သွားလိုက်သည်။
ကားပေါ်ရောက်တော့လည်း အပြစ်လုပ်ထားကြသူများပမာ ဘာစကားမှ မပြောဖြစ်ကြ။ ဂျောင်ဂုဟာလည်း ကားကိုသာ အာရုံစိုက်မောင်းနေပြီး ထယ်ယောင်းကလည်း ကားမှန်ပြတင်းပေါက်ဆီကိုသာ မျက်နှာလှည့်ထားလျက်။
အချိန်အနည်းငယ်ကြာတော့မှ သူဌေးဂန်၏ ခြံဝန်းထဲ ပြန်ရောက်လာကြပြီး ဂျောင်ဂုကားလေးက ဆင်ဝင်အောက်တွင် ထိုးရပ်လိုက်သည်။ ဂျောင်ဂုကားကို တွေ့တော့ အိမ်ဖော်များက အိမ်ထဲပြေးဝင်သွားပြီး သူတို့သူဌေးအား သွားပြောကြဟန်။
ထယ်ယောင်းလည်း နှုတ်ပင် မဆက်မိဘဲ seat belt ကို အမြန်ဖြုတ်ကာ ကားပေါ်က ပြေးဆင်းမည်အလုပ်၊ ဂျောင်ဂုက ထယ်ယောင်းလက်ကို အမြန်ဖမ်းဆွဲလာသဖြင့် ထယ်ယောင်း၏ လှုပ်ရှားမှုအကုန် ရပ်တန့်ကုန်သည်။ ပြီးမှ ဖြည်းဖြည်းချင်း ဂျောင်ဂုဘက်ကို လှည့်ကြည့်မိလေတော့ ဂျောင်ဂုမျက်နှာချောချောနဲ့ အကြည့်ချင်းဆုံလေ၏။ ဂျောင်ဂုသည် ပကတိတည်ကြည်နေလျက်။
ESTÁS LEYENDO
Unrealistic Husband [Completed]
Fanficjeon jungkook x kim taehyung Started Date ~ Sep 16, 2022 Ended Date ~ Dec 28, 2022