⚙️10⚙️

14.7K 1.7K 227
                                    

(Unicode)

ဂျောင်ဂု၏ လိပ်စာကတ်တွင် ပါသည့်အတိုင်း ထယ်ယောင်းမှာ Taxi စီး၍ ဟိုတယ်သို့ ဦးတည်လာခဲ့တော့သည်။ ဝတ်ထားသည်ကား ဂျောင်ဂုနဲ့တွေ့နေကျလိုမျိုး တခမ်းတနားမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးသာ။ အဖြူရောင် ရှပ်အင်္ကျီလက်ရှည်ပေါ်တွင် vest အညိုရောင်လေးထပ်ဝတ်ပြီး ဘောင်းဘီရှည်အညိုရောင်အား ဝတ်ဆင်ထားလျက်။

ဟိုတယ်ရှေ့ရောက်သည်‌နှင့် ထယ်ယောင်းလည်း ‌ရှည်ရှည်ဝေးဝေးတွေးမနေဘဲ အထဲသို့သာ တန်းဝင်လာလိုက်တော့သည်။ ပထမတစ်ခေါက် ဂျောင်ဂု‌က ခေါ်လာဖို့လုပ်သော်လည်း ကားပါကင်တွင် ကိစ္စအနည်းငယ်ရှိသွားသဖြင့် မရောက်ဖြစ်လိုက်။ အခုမှ ဂျောင်ဂုပိုင် ဟိုတယ်အား ပထမဆုံး ရောက်ဖူးရာ ဟိုတယ်၏ ခမ်းနားမှုအား ပါးစပ်အဟောင်းသားငေးမိသည်။

ဟိုတယ်ကလည်း ပိုင်ရှင်အတိုင်း သိပ်ကို ခမ်းနားတင့်တယ်တာ။

"ဘာများကူညီပေးရမလဲရှင့်"

‌ဘေးနားမှ ဟိုတယ်ဝန်ထမ်းကောင်မလေးအသံကြားမှ ‌ထယ်ယောင်းအသိစိတ်ပြန်ဝင်လာကာ ငေးနေတာကို ရပ်တန့်လိုက်ရသည်။

"ကျွန်တော် ဂျောင်ဂုနဲ့ တွေ့ဖို့လာတာပါ"

"ရှင်? ဂျောင်ဂုဆိုတာ.. ဟို.. သူဌေးလားဟင်၊ သူဌေးနဲ့တွေ့ဖို့ appointment ယူထားသေးလားရှင့်"

ဝန်ထမ်းမလေးစကားကြောင့် ထယ်ယောင်းမှာ သက်ပြင်းတစ်ချက်မသိမသာချမိသည်။ အနည်းငယ်ရှက်စရာကောင်းနိုင်သည်ဆိုပေမယ့် မတတ်နိုင်။

"ကျွန်တော်က ဂျောင်ဂုရဲ့ fiance ပါ"

အဲ့တော့မှ ဝန်ထမ်းကောင်မလေးက မျက်လုံးလေးဝိုင်းစက်သွားပြီး သူမကိုယ်ကို ၉၀ဒီဂရီညွှတ်ချကာ ထယ်ယောင်းအား အရိုအသေပြု၏။ ရုတ်တရက်မို့ ထယ်‌ယောင်းမှာလည်း အလန့်တကြားနဲ့ နောက်ကို တစ်လှမ်းဆုတ်လိုက်မိသည်။

"အစ်ကိုလေးဗစ်ထိုရီမှန်းမသိလို့ ရိုင်းပျမိတာရှိရင် ခွင့်လွှတ်ပါ"

ချက်ချင်းတန်းပြီး ဦးညွှတ်ရတဲ့အထိ ဗစ်ထိုရီက အဲ့လောက် အရှိန်အဝါကြီးတာလား။ ဒါမှမဟုတ် ဂျွန်ဂျောင်ဂုအရှိန်အဝါကြောင့်လား။

Unrealistic Husband [Completed]Where stories live. Discover now