⚙️16⚙️

13.7K 1.6K 243
                                    

(Unicode)

ဂျောင်ဂုရုံးခန်းလေးဟာ တိတ်ဆိတ်နေမှန်း သိသာစွာ air con မှ လေတဖြူးဖြူးကျနေသည်ကိုပင် သေချာကြားနေရသည်။

ရုပ်တည်လွန်းသော ဂျောင်ဂုက ရှိန်စရာကောင်းလှပေမယ့် ထယ်ယောင်း မကြောက်မိ။ အခုပုံစံက ပို၍ပင် ဆွဲဆောင်မှုရှိနေသလိုမို့ ထယ်ယောင်းမှာ မျက်တောင်မခတ်တမ်း ဂျောင်ဂုကို ငေးနေမိသည်။ ဂျောင်ဂုကတော့ ထယ်ယောင်းကို လုံးဝမကြည့်ဘဲ အလုပ်လုပ်မပျက်။

သူခေါ်လို့ ရောက်လာတဲ့သူကို စရောက်ကတည်းက နည်းနည်းလေးမှ ဂရုမစိုက်။

"မောင်"

တိတ်ဆိတ်မှုကို ဦးစွာဖြိုခွဲ၍ အရဲစွန့်ကာ ခေါ်လိုက်မိ၏။ ထယ်ယောင်းခေါ်သံကြောင့် laptop ပေါ်မှာ ပြေးလွှားနေတဲ့ ဂျောင်ဂုရဲ့ လက်ချောင်းလေးတွေ ချက်ချင်းရပ်တန့်သွားသည်။ ထယ်ယောင်းကိုတော့ လှည့်ကြည့်မလာ။

မဟုတ်မှ ညတုန်းက ကိစ္စကို အခုထိ စိတ်တိုနေတာများလား။

"လူကို ခေါ်တုန်းက ခေါ်ပြီး အလုပ်ပဲလုပ်နေ"

ထယ်ယောင်း မကျေမနပ် တိုးတိုးလေးပြောလိုက်သော်လည်း တိတ်ဆိတ်နေသော အခြေအနေကြောင့် ဂျောင်ဂုကြားဖြစ်အောင် ကြားလိုက်ပါသေးသည်။

"ညက ဘာလို့ ရုတ်တရက်ကြီးပြန်သွားရတာလဲ"

ရုံးခန်းထဲ ရောက်ကတည်းက ပထမဆုံးကြားရသော ဂျောင်ဂုအသံ။ အနည်းဆုံးတော့ စကားပြန်ပြောလာသား။

"အိမ်မှာ ကိစ္စရှိလို့လို့ ပြောတယ်လေ"

"ဗစ်ထိုရီအဖေရဲ့ ခွင့်ပြုချက်ကို မောင်ကိုယ်တိုင် တောင်းပေးခဲ့တာ မေ့သွားတာလား"

ဂျောင်ဂုစကားအဆုံး ထယ်ယောင်းဘာပြန်ပြောရမလဲမသိတော့။ အခြေအနေက အနည်းငယ် ကျောချမ်းစရာမို့ ဦးနှောက်က ကောင်းမွန်စွာ အလုပ်မလုပ်တော့ဘဲ လက်ချောင်းလေးများနဲ့ မိမိအင်္ကျီကို အကြောင်းမဲ့ ဆုတ်ချေနေမိ၏။

တိတ်ဆိတ်သွားသော ‌ထယ်ယောင်းကြောင့် ဂျောင်ဂုဟာ အလုပ်လုပ်တာကို ခဏရပ်လိုက်ပြီး ထယ်ယောင်းအား လှမ်းကြည့်လာသည်။ ဆိုဖာတွင် မျက်နှာငယ်လေးနဲ့ ကျုံ့ကျုံ့လေးထိုင်နေသူကြောင့် စိတ်ထဲ အနည်းငယ်ပင် ရယ်ချင်သွားသလို။

Unrealistic Husband [Completed]Kde žijí příběhy. Začni objevovat