⚙️33⚙️

13.3K 1.5K 106
                                    

(Unicode)

ထိုနေ့က ကျောင်းအားကစားပွဲနေ့။
အပြေးပြိုင်ပွဲတွင် လက်ရွေးစင်အဖြစ် ဂျောင်ဂုရွေးချယ်ခံခဲ့ရသဖြင့် အတန်းကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်ရမည်ဖြစ်သည်။ လေ့ကျင့်စဉ်က အလွန်မြန်သော စံချိန်ကို ရထားသဖြင့် ဂျောင်ဂုကို တစ်တန်းလုံးရော ဆရာရော မျှော်မှန်းထားကြသလို၊ ဂျောင်ဂုကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေ၏။

သို့သော် စိတ်ကူးနဲ့လက်တွေ့ ထပ်တူမကျသည်လော၊ ကံကြမ္မာဖန်လေသလောတော့ မသိ။ ဂျောင်ဂုဟာ ပြိုင်ပွဲတွင်း ပြေးနေရင်း ရုတ်တရက် ခြေခေါက်သွားကာ ပြေးလမ်းတွင် အရှိန်ဖြင့် လဲကျကာ ခြေထောက်နှစ်ဖက်လုံးတွင်သာမက လက်နှစ်ဖက်ပါ ပွန်းပဲ့ကုန်သည်။

ဒဏ်ရာရသွားသည့်အတွက် ဖေးမရမည့်အစား ဆရာအပါအဝင် အတန်းသားတွေက အပြစ်တင်ရှုံ့ချကြသည်မို့ ဂျောင်ဂု စိတ်ထဲ တဖြည်းဖြည်း ဝမ်းနည်းရိပ်များ ပြည့်လာကာ ငိုချမိတော့မတတ်။ သို့ပေမဲ့ အတတ်နိုင်ဆုံး မျက်ရည်မထွက်အောင်ထိန်းရင်း အားကစားကွင်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။

ဝမ်းနည်းစိတ်၊ ဒေါသစိတ်၊ ယူကျုံးမရစိတ်တို့ဖြင့် ခန္ဓာကိုယ်ရှိ ဒဏ်ရာများ၏ နာကျင်မှုကိုပင် သေချာမခံစားရတော့ဘဲ လူရှင်းရာ ထိုင်ခုံတန်းတစ်ခုတွင် စိတ်ပြေလက်ပျောက်လာထိုင်နေမိ၏။

"သွေး..သွေးတွေထွက်နေတယ်"

အနားမှ ယောက်ျားသံ အသံခပ်ဩဩတစ်ခုကြားမှ ဂျောင်ဂုအသိစိတ်ပြန်ကပ်ကာ အသံလာရာကို မော့ကြည့်မိသည်။ မြင်လိုက်ရသူဟာ ယောက်ျားလေးတန်မဲ့ မျက်နှာအချိုးအစားများ လှပပြီး ချောမောလွန်းနေသည်မို့ ဂျောင်ဂုခဏတာ ငေးခနဲ။ ဝမ်းနည်းနေချိန် ကောင်းကင်ဘုံက နတ်သားတစ်ပါးဖန်ဆင်းပေးလိုက်တာတော့ မဟုတ်ဘူးမလား။

"အဆင်ပြေရဲ့လား၊ ဒဏ်ရာတွေနားမှာ သဲတွေနဲ့ဆိုတော့ ပိုးဝင်ဦးမယ်၊ ရေဆေးလိုက်ပြီး ဆေးချက်ချင်းထည့်ရမယ်မလား"

အဲ့တော့မှ ဂျောင်ဂုမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိပြီး မိမ်ဒဏ်ရာများကို ပြန်သတိရ‌မိတော့သည်။

Unrealistic Husband [Completed]Tahanan ng mga kuwento. Tumuklas ngayon