⚙️25⚙️

13.8K 1.5K 200
                                    

(Unicode)

"ဂျွန်ဂျောင်ဂု ငလည်လေး၊ ဓာတ်ပုံတွေ ဘယ်ရောက်သွားတာလဲ"

ထယ်ယောင်းတစ်ယောက်တည်း မကျေမနပ်ဟန် အသံထွက်သည်အထိ ရေရွတ်လိုက်မိပြီး စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်ထိုင်ချလိုက်တော့သည်။ မိသားစုဓာတ်ပုံလေးကြည့်တာကို ဒီလောက်ထိဖြစ်စရာအကြောင်းရှိမည်မထင်၊ ဒါဟာ ဘယ်လိုမှ သွေးရိုးသားရိုးမဖြစ်နိုင်။

ဒီနေ့မှာ ဂျောင်ဂုအပေါ် ပထမဆုံးအကြိမ် သံသယစိတ်များ ထယ်ယောင်း စတင်ဝင်မိပါတော့သည်။ အမည်မသိ ဖုန်းနံပါတ်နဲ့ မိမိထံ ပို့ဖူးသော အားလုံးက အလိမ်အညာတွေဟူသော မက်ဆေ့။ ဗစ်ထိုရီဂန်ပြောပြောနေသော ဂျောင်ဂုကို မချစ်မိစေဖို့နဲ့ ဂျောင်ဂုဟာ မကောင်းတဲ့သူဟူသော စကားတွေ။ ထယ်ယောင်း စိတ်ထဲ တဖြည်းဖြည်းဝေခွဲရခက်လာသည်။

ဒါက အသာထား၊ ညကတင် ဂျောင်ဂုက အရက်သောက်နေတဲ့ဆိုင်ကို ဘယ်လိုရောက်လာတာလဲမသိ။ တကယ်ဆို သာမန်ရပ်ကွက်ထဲက လမ်းဘေးဆိုင်လေးကို ဂျောင်ဂုက ‌မတော်တဆဖြစ်ဖြစ်တောင် ရောက်လာနိုင်စရာအကြောင်းမရှိတာကိုလေ။

ထယ်ယောင်း အတွေးပေါင်းစုံနဲ့အတူ ဖုန်းကို ကောက်ကိုင်ရင်း blacklist ထဲမှ ဗစ်ထိုရီဂန်၏ ဖုန်းနံပါတ်ကို ပြန်ထုတ်လိုက်၏။ သူ့ဆီက ကြားရမည့်စကားများ ကျန်သေးသည်။

'ဗစ်ထိုရီဂန်... ဂျောင်ဂုအကြောင်းသိထားရသလောက် ပြောပြပေးပါ'

ထယ်ယောင်း မက်ဆေ့ပို့လိုက်သည်နှင့် စာလေးဟာ ချက်ချင်း seen ပြသွားပြီး ခဏချင်းပင် reply ပြန်လာလေသည်။

'ငါ့ကို block ဖြည်ပြီး မင်းဘက်က စပို့လာပုံထောက်ရင် ဂျွန်ဂျောင်ဂု မဟုတ်တာတစ်ခုခုလုပ်ထားပုံပဲ'

'သူ့အကြောင်း အကုန်မဟုတ်တောင် နည်းနည်းတော့ သိထားတယ်မလား၊ ပြောပြပေးပါ'

'နည်းနည်းမဟုတ်ဘူး၊ အကုန်သိတာ'

ဗစ်ထိုရီ၏ မက်ဆေ့အား ဖတ်အပြီး ထယ်ယောင်း တစ်ကိုယ်လုံးတောင့်ခဲသွားရ၏။ ဗစ်ထိုရီကိုသာ မေးနေရပေမယ့် တကယ်လို့ ဂျောင်ဂုဟာ တကယ်ပဲ မဟုတ်တာတစ်ခုခုဖြစ်နေမှာ သိပ်ကြောက်ပါသည်။

Unrealistic Husband [Completed]Opowieści tętniące życiem. Odkryj je teraz