⚙️12⚙️

13.9K 1.7K 231
                                    

(Unicode)

ဆိုင်လည်း အတော်စုံပြီ၊ စားစရာလည်း အတော်စုံပြီ။ ဒီလောက်အများကြီးစားခဲ့ပြီးပြီမို့ ထယ်ယောင်းမှာလည်း ဗိုက်အလွန်ပြည့်နေပြီဖြစ်သည်။

တကယ်ဆို ဒီလောက်အများကြီး တစ်ခါမှ မစားဖူးပေ။ ပိုက်ဆံချွေတာရတာကြောင့်ရော၊ အများစုကို ထယ်ဟီးကိုပဲ ကျွေးခဲ့တာကြောင့်ရော ထယ်ယောင်းမှာ ဝဝလင်လင်စားရသည်ဟူ၍ မရှိခဲ့။

အခုလို ကောင်းကောင်းစားနိုင်တာ ဂျောင်ဂုကြောင့်ပင်။ ဂျွန်ဂျောင်ဂုလို ယောက်ျားကောင်းကို ပိုင်ထားရတာ သိပ်ကံကောင်းတာ။

ဗိုက်ဝပြီမို့ တစ်ခြားနေရာသွားရန် ကားထဲ ပြန်ဝင်မည်အလုပ် ထယ်ယောင်းမှာ ရေဆာလာသဖြင့် ကားထဲမဝင်သေးဘဲ ဖွင့်ထားသော ကားတံခါးကိုပြန်ပိတ်လိုက်လေသည်။

"ဗစ်ထိုရီ.. တစ်ခုခုဖြစ်လို့လား"

ဂျောင်ဂုက အနည်းငယ်စိတ်ပူသွားဟန်နဲ့ မေးလာသည်မို့ ထယ်ယောင်းမှာ အတောက်ပဆုံးအပြုံးလေးနဲ့ ခေါင်းလေးခါပြလာသည်။ ဘာပဲဖြစ်ဖြစ် မုန့်ကျွေးထားတော့ ပြုံးပြရမှာပေါ့။

"ရေဆာ‌လို့ပါ၊ ရေဘူး‌သွားဝယ်လိုက်‌ဦးမယ်"

"ဒီမှာနေခဲ့၊ မောင်သွားဝယ်လိုက်မယ်"

ထယ်ယောင်း ဘာမှတုန့်ပြန်ချိန်‌တောင်မရလိုက်၊ ဂျောင်ဂုက ချက်ချင်း ရေဘူးဝယ်ရန်အတွက် ထွက်သွားလေတော့သည်။

ဒီလိုဆိုတော့လည်း မဆိုးပါဘူး၊ ဗိုက်ပြည့်နေတော့ လမ်းမလျှောက်ချင်တာနဲ့ အတော်ပဲ။ ဂျွန်ဂျောင်ဂုက ယောက်ျားကောင်းပီသပါပေတယ်။

"တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ"

ယောက်ျားသံတစ်သံ။ ထယ်ယောင်း သတိအနေအထားဖြစ်သွားပြီး ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်မိသည်။ အနားတွင် ဘယ်သူမှမရှိ၊ အနောက်လှည့်ကြည့်လိုက်မှ ကားနောက်ရှိ ပလက်ဖောင်းတွင် လူတစ်ယောက် ငုတ်တုတ်ထိုင်နေတာကို တွေ့လိုက်ရ၏။

ထိုသူဟာ ယောက်ျားပျိုတစ်ယောက်လို ခန္ဓာကိုယ်အချိုးအစားရှိသည်။ ဦးထုပ်ကို ‌ငိုက်နေသည်အထိဆောင်းထားသည်မို့ မျက်လုံးကိုမမြင်ရ၊ နှုတ်ခမ်းတွင်တော့ စီးကရက်တစ်လိပ်ခဲထားလေ၏။ ဖြစ်သလို နေနေသည့်ပုံပေမယ့် သူ့တွင် အရှိန်အဝါရှိနေဟန်။

Unrealistic Husband [Completed]Where stories live. Discover now