⚙️2⚙️

15.7K 1.7K 147
                                    

(Unicode)

နေ့လယ်စာစားချိန်မို့ ကျောင်းဝန်းထဲတွင် ကျောင်းသူကျောင်းသားများက သာမန်ထက်ပိုရှုပ်ထွေးနေသည်။ ယခုလို ရှုပ်ထွေး‌မှုကို ရှောင်၍ ကော်ရစ်တာထောင့်စွန်းတွင် တစ်ယောက်တည်းထိုင်ကာ နေ့လယ်စာစားနေသော ကောင်မလေးတစ်ယောက်ရှိ၏။

ထယ်ယောင်းလည်း တွေဝေမနေဘဲ ထိုကောင်မလေးနားတွင် ဝင်ထိုင်လိုက်တော့ သူမဟာ အမြန်မော့ကြည့်လာသည်။ သေချာတာပေါ့၊ တစ်ယောက်တည်းစားနေတယ်ဆိုကတည်းက ဒါက ကင်ထယ်ဟီးပဲဆိုတာ။

"ကိုကို ဒီကို ဘာလာလုပ်တာလဲ"

"ဒီနေ့ပထမဆုံး အလုပ်ဆင်းတဲ့ရက်ဆိုတော့ အသားကင်ဝယ်လာတာလေ၊ ကြိုက်တယ်မလား"

"ဘယ်က ပိုက်ဆံနဲ့‌လဲ"

ထယ်ဟီးအမေးကြောင့် ‌ထယ်ယောင်းမှာ နှာခေါင်းလေးအနည်းငယ်ရှုံ့သွားရင်း ဝယ်လာသော အသားကင်ဘူးကို စားပွဲပေါ် ခပ်ဆောင့်ဆောင့်လေးတင်လိုက်သည်။

"ကိုယ့်အစ်ကိုကို တသက်လုံးမွဲနေတယ်များထင်နေလား၊ ဒီလောက်တော့ ဝယ်နိုင်ပါတယ်"

"ဒါပေမဲ့..."

"ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့၊ များများစား"

ထယ်ယောင်းက ပြောလည်းပြော၊ အသားကင်ဘူးလေးကိုလည်း ဖွင့်၍ တူလေးနဲ့ အသားများကိုညှပ်ကာ ထယ်ဟီးပန်းကန်ထဲကို ထည့်ပေးလာသည်။

"ဒီနေ့တော့ ထားပါတော့၊ နောက်နေ့ကစပြီး ဈေးကြီးတာတွေ ဝယ်လာလို့မဖြစ်ဘူးနော် ကိုကို"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

အဲ့တော့မှ ထယ်ဟီးက အနည်းငယ်ပြုံးပြရင်း ထယ်ယောင်း‌ထည့်ပေးသော အသားများကို အားရပါးရစားနေလေတော့သည်။ ဟုတ်တာပေါ့ အသားနဲ့မစားရတာ ဘယ်နရက်ရှိနေပြီလဲ။

ထယ်ယောင်းကတော့ မစားဖြစ်သေးဘဲ ထယ်ဟီး အားရပါးရစားနေတာကိုပဲ ကြည့်နေမိသည်။ ကျောင်းယူနီဖောင်းက အနည်းငယ်ဟောင်းနေပြီး ဖိနပ်ကလည်း ညစ်ပေပေ။ ဒီအရွယ် ကျောင်းသူလေးတွေက တစ်ယောက်နဲ့တစ်ယောက် အလှပြိုင်နေကြမည့် အချိန်တွင် ညီမဖြစ်သူတွင် လှလှပပ ဘာတစ်ခုမှရှိမနေပါ။

Unrealistic Husband [Completed]Tempat cerita menjadi hidup. Temukan sekarang