(Unicode)
ညယံက တိတ်ဆိတ်သည်။ ကျယ်ဝန်းလှသော အိမ်ကြီးထဲတွင် နှစ်ယောက်တည်းရှိသည်ဆိုတဲ့အသိက ပို၍ ရင်ခုန်စေ၏။
ဂျောင်ဂုရင်ဘတ်ကို လက်ဖဝါးဖြင့် ထိတွေ့ထားသော ထယ်ယောင်းအဖို့ ဂျောင်ဂု၏ နှလုံးခုန်သံပြင်းပြင်းကို အတိုင်းသားကြားနေရသည်။ အခုလို အခြေအနေရောက်တော့ လက်ဖျားခြေဖျားတွေ အေးစက်နေပြီး ဘာလုပ်လို့ လုပ်ရမှန်းပင် မသိတော့။
ဂျောင်ဂုမှာ ခုနကအထိ ကျောက်ရုပ်ပမာ ငြိမ်သက်နေသော်လည်း အခုတော့ တဖြည်းဖြည်းချင်း သူ့ရင်ဘတ်မှ ထယ်ယောင်းလက်လေးကို ပြန်လည်အုပ်ကိုင်လာလေသည်။
အမြဲတမ်းလိုလို တစ်ယောက်လက်တစ်ယောက် ကိုင်နေကျဆိုပေမယ့် အခုအခြေအနေက အနည်းငယ်ထူးဆန်းနေသဖြင့် ထယ်ယောင်းလက်ဖျားလေးတွေ တုန်နေလေ၏။ ဘာကြောင့်များ ဒီလောက်ထိ မြောင်းဖောက်ပေးခဲ့သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပင် မစဉ်းစားတတ်တော့။
အကယ်၍ လုပ်ဖြစ်မယ်ဆိုရင် ဒီလိုအခြေအနေကြီးက မိမိက ခံရမည့်ဘက်ဖြစ်နေသည်မို့ အဆင်မပြေ။ ဂျောင်ဂု၏ အခုလက်ရှိ ခန္ဓာကိုယ်အနေအထားကို ကြည့်ရင်လည်း အားသန်မည့်ပုံမို့ တော်တော်လေး နာကျင်မှုကို ခံစားရနိုင်ချေများမည်။ အကောင်းနဲ့အဆိုးတွေ အားလုံး ပေါင်းတွက်ကြည့်လိုက်ပါက မိမိဘက်မှ နစ်နာမှုများနေသည်။
ထိုအချိန်မှာပဲ တဖြည်းဖြည်း ငုံ့ကျလာသော ဂျောင်ဂုမျက်နှာချောချော။ ထယ်ယောင်းမရုန်းမိဘဲ မျက်လုံးလေးအသာမှိတ်ချလိုက်သည်နှင့် နှုတ်ခမ်းပေါ်သို့ ဂျောင်ဂု၏ အထိအတွေ့နွေးနွေးက ကျရောက်လာလေတော့သည်။
အမြဲတမ်း နူးညံ့စွာ နမ်းတတ်သော ဂျောင်ဂုက ဒီတစ်ခါတွင်တော့ အနည်းငယ် အရိုင်းဆန်နေသယောင်။ နှုတ်ခမ်းအပေါ်လွှာနှင့် အောက်လွှာတင်မဟုတ်ဘဲ လျှာဖျားလေးနဲ့ပါ ရစ်ပတ်လာသည်မို့ ထယ်ယောင်းတစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထလာပြီး ဂျောင်ဂုကိုယ်ပေါ်ရှိ bathrobe ကို အားနဲ့ ညှစ်ထားမိသည်။
ရုတ်တရက်မို့ ကြောက်ကြောက်လန့်လန့်နဲ့ ဂျောင်ဂုအနမ်းတွေကို မတုန့်ပြန်ဖြစ်ဘဲ နှုတ်ခမ်းကို စေ့ထားမိလေတော့ ဂျောင်ဂုက ထယ်ယောင်း၏ အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွဖိကိုက်ရင်း အသိပေးလာသည်။ အဲ့တော့မှ ထယ်ယောင်းလည်း အလိုက်သိစွာဖြင့် နှုတ်ခမ်းလေးကို အနည်းငယ်ဟပေးမိတော့ အာခံတွင်းထဲ ချက်ချင်း ထိုးစစ်ဆင်လာသော ဂျောင်ဂုရယ်။ လက်များကလည်း ရှပ်အင်္ကျီအောက်ထဲ လက်လျှိုသွင်း၍ ထယ်ယောင်းခါးလေးကို ထိတွေ့နေလျက်။
CZYTASZ
Unrealistic Husband [Completed]
Fanfictionjeon jungkook x kim taehyung Started Date ~ Sep 16, 2022 Ended Date ~ Dec 28, 2022