(Unicode)
"ကိုကို"
ညီမဖြစ်သူခေါ်သံကြားမှ ထယ်ယောင်းအသိပြန်ဝင်လာကာ ခေါင်းလေးပြန်ထောင်လာတော့သည်။
အခန်းထဲမှာ တစ်ယောက်တည်းနေနေရင် ဂျောင်ဂုအကြောင်းသာတွေးနေမိသဖြင့် ညီမဖြစ်သူနဲ့အတူ TV လာကြည့်နေကာမှ ပို၍ အတွေးများနေတော့၏။ အဘယ်ကြောင့်ဆိုသော် သူကြည့်သမျှက BL တွေချည်းဖြစ်နေတာကြောင့်ပင်။
"ကိုကို့ကို ကြည့်ရတာ မရွှင်မလန်းနဲ့ ဘာဖြစ်နေတာလဲ၊ မဟုတ်မှ ညီမလေး မသိအောင် Crush တွေ ရှိနေပြီး အငြင်းခံလိုက်ရတာလား"
ထင်တာတွေဇွတ်ပြောနေသော ထယ်ဟီးကြောင့် ထယ်ယောင်းဘာမှပြန်မပြောနိုင်တော့ဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။ ဒါပေမဲ့ ထယ်ဟီးကတော့ သူ့ဘာသာသူ မျက်လုံးလေးအပေါ်လှန်ကာ စဉ်းစားနေပြီး
"မဖြစ်နိုင်ဘူးထင်တယ်၊ ငါ့ကိုကိုက ငါ့လောက်နီးနီးချောတာကို ငြင်းတာတော့ မဖြစ်နိုင်ဘူး"
ထယ်ယောင်းဘာမှ ပြန်မပြောရသေး၊ ထယ်ဟီးက သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောလာပြန်သည်။
"ဒါပေမဲ့ အခုခေတ်မိန်းမတွေက ငွေမက်ကြတော့ ကိုကို့ကို ငမွဲဆိုပြီး ပြန်မချစ်တာများလား၊ မေ့လိုက် ကိုကို.. အဲ့လိုမိန်းမတွေ စိတ်ကူးထဲတောင် မထည့်နဲ့"
"ဘာတွေပြောနေတာလဲ၊ ဘယ်မိန်းမမှ မရှိပါဘူး၊ ကိုယ့်ဘာသာ TV ဆက်ကြည့်စမ်းပါ"
"ကိုကိုက အခုလို မှိုင်နေတော့..."
"ဘာမှမဖြစ်ပါဘူး.. ဒီတိုင်းပင်ပန်းနေလို့"
"ဟုတ်ပါတယ်၊ ကိုကိုက ညဘက်တွေ အိမ်တောင်ပြန်မလာနိုင်ဘဲ အလုပ်တွေလုပ်ရတာ၊ သူဌေးကလည်း ဘယ်လောက်ပဲ လူသစ်ဆိုဆို အဲ့လောက်ခိုင်းရလား"
ထယ်ဟီးက သူ့ဘာသာသူ အသံထွက်ကာ ရေရွတ်ရင်း ထယ်ယောင်းကို အာရုံမစိုက်တော့ဘဲ TV ဆက်ကြည့်နေလေတော့သည်။ ထိုအခါမှ ထယ်ယောင်းလည်း သက်ပြင်းတစ်ချက် မသိမသာလေး ချလိုက်ရင်း TV လိုက်ကြည့်မိ၏။
ဘာလို့ ဇာတ်လမ်းထဲက နှစ်ယောက်က အရမ်းတွေချစ်ပြနေတာလဲမသိ၊ ဂျောင်ဂုကို ပိုသတိရအောင်။
YOU ARE READING
Unrealistic Husband [Completed]
Fanfictionjeon jungkook x kim taehyung Started Date ~ Sep 16, 2022 Ended Date ~ Dec 28, 2022