⚙️19⚙️

13.9K 1.5K 198
                                    

(Unicode)

ဂျောင်ဂု၏ အခန်းထဲတွင်ဖြစ်သည်။ ကားပေါ်က အဆက်ကို လုပ်ဖို့ ထယ်ယောင်းမှာ အဆင်သင့်ဖြစ်နေကာမှ ဂျောင်ဂုက အလုပ်ကိစ္စဟုဆိုကာ ဖုန်းတစ်လုံးနဲ့ အခန်းအပြင်သို့ ထွက်သွားသဖြင့် ထယ်ယောင်းတစ်ယောက်တည်း အခန်းထဲမှာ အူကြောင်ကြောင်လေး ကျန်ခဲ့ရသည်။

သို့ပေမဲ့ အလုပ်ကိစ္စဆိုတော့ မတားချင်တာကြောင့် ထယ်ယောင်းလည်း အခန်းထဲဝယ် ဟိုကြည့်ဒီကြည့်လုပ်နေမိ၏။

အခုမှ သတိထားမိသည်ကား ဂျောင်ဂုအိမ်မှာလည်း မိသားစုဓာတ်ပုံမတွေ့မိ။ မိဘများ၏ ပုံများပင် ရှိမနေပါ။ ဂျောင်ဂုအဖေနဲ့တောင် ပထမဆုံးညစာစားတုန်းကပဲ တွေ့ဖူးသေးတာ၊ အဲ့ဒီနောက်ပိုင်း လုံးဝ ထပ်မတွေ့ဖြစ်တာကတော့ အနည်းငယ် ထူးဆန်းနေသယောင်။

"ဗစ်ထိုရီ"

အခန်းတံခါး‌ဝမှ ဂျောင်ဂုအသံကြောင့် ထယ်ယောင်းအတွေးတွေ ပျက်သွားပြီး ဂျောင်ဂုအား လှည့်ကြည့်မိသည်။ ဂျောင်ဂုဟာ ပုံမှန်လို ဆံပင်ကို လူကြီးဆန်ဆန် သ,မထားဘဲ သဘာဝအတိုင်း နဖူးနားတွင် ဝဲကျထားစေသဖြင့် လူငယ်လေးလိုသာဖြစ်နေလျက်။ မီးခိုးရောင် pajamas ဝမ်းဆက်သည်လည်း ထယ်ယောင်းနဲ့ဆင်တူလေးဖြစ်၏။

"ရုတ်တရက် အရေးကြီးဖုန်းဝင်လာလို့ပါ၊ တောင်းပန်ပါတယ်"

"ဖုန်းပြောတာ တောင်းပန်စရာမှ မဟုတ်တာ၊ ဘာမှမဖြစ်ပါဘူး"

အေးအေးလူလူပြန်ပြောလာသော ထယ်ယောင်းကြောင့် ဂျောင်ဂုလည်း စိတ်အေးသွားဟန် အနည်းငယ်ပြုံးလိုက်ကာ ထယ်ယောင်းရှိရာ အိပ်ရာပေါ် တက်လာလေသည်။ ပြီးတာနဲ့ ထယ်ယောင်းအား ခါးလေးမှ အသာဖက်‌၍ အနားကို တိုးကပ်စေတော့ ထယ်ယောင်းသည်လည်း ‌ဂျောင်ဂုလက်မောင်းကြား စွေ့ခနဲ ပါလာလေ၏။

"မောင်တို့ လက်ထပ်ရဖို့ သိပ်မလိုတော့ဘူးနော်၊ ဗစ်ထိုရီ စိတ်လှုပ်ရှားလား"

"နည်းနည်း"

"မောင်တော့ အရမ်းပဲ စိတ်လှုပ်ရှားတယ်၊ မောင်က သိပ်ကံကောင်းတာပဲမလား"

ထယ်ယောင်းမျက်ဝန်းတွေထဲကြည့်ကာ ပြောလာ‌သော ဂျောင်ဂု။ ထယ်ယောင်း ရင်ထဲ လှိုင်းငယ်လေးတစ်ချက်ဖြတ်ပြေးသွားပြီး ဂျောင်ဂုအကြည့်တွေကို ရှောင်ရှားလိုက်မိသည်။

Unrealistic Husband [Completed]Donde viven las historias. Descúbrelo ahora