⚙️27⚙️

14.3K 1.6K 220
                                    

(Unicode)

ရေတွေနဲ့ အကြာကြီးထိတွေ့ခဲ့ရသဖြင့် ချမ်းစိမ့်စိမ့်ဖြစ်နေသည်မို့ ထယ်ယောင်းမှာ အိပ်ရာပေါ်တွင် တစ်ကိုယ်လုံးစောင်လေးပတ်၍ ထိုင်နေမိသည်။ ထိုင်နေတာထက် ဂျောင်ဂု အင်္ကျီလဲပြီးသည်ကို စောင့်နေခြင်းပင်။

ဂျောင်ဂုဟာ အဝတ်များဝတ်ပြီးသည်နှင့် သူ၏ ရေစိုဆံပင်များကို အရင် မသုတ်သေးဘဲ ထယ်ယောင်းအနားတွင် အသာလေးဝင်ထိုင်လာရင်း လက်တစ်ဖက်က စောင်ပုံကြားထဲက ထယ်ယောင်းပါးလေးကို ခပ်ဖွဖွထိ‌တွေ့လာလေ၏။

"တောင်းပန်ပါတယ်၊ ရေချိုးခန်းထဲမှာ ကြာသွားတယ်မလား၊ ဖျားကုန်တော့မှာပဲ"

"အခုက ဒီကိစ္စပြောရမယ့် အချိန်မဟုတ်ဘူး‌ ဂျောင်ဂု"

မောင်ဟု ခေါ်နေကျကိုမှ နာမည်တပ်၍ ခေါ်လာသည်မို့ ဂျောင်ဂုလက်တွေဟာ ထယ်ယောင်းပါးပေါ်မှ ပြန်ရုတ်လိုက်လေသည်။

"အခုချိန်မှာ ‌စိတ်တိုပြီး ဒေါသထွက်‌နေသင့်တာမဟုတ်လား၊ ဘယ်ကကောင်က အတင့်ရဲပြီး ဗစ်ထိုရီဂန်လို ဟန်ဆောင်ရဲတာလဲ၊ ဘယ်ကကောင်က ဂျွန်ဂျောင်ဂုနဲ့ အတူရှိ‌ရဲတာလဲဆိုပြီးတော့လေ"

ဂျောင်ဂု ဘာမှပြန်မပြောမိ။ ထယ်ယောင်းထံမှ အကြည့်တွေလွှဲလိုက်ပြီး ကြမ်းခင်းကိုသာ စူးစိုက်ကြည့်နေလျက်။ ဘာအမူအရာမှ မပြသောဂျောင်ဂုပုံစံကြောင့် ထယ်ယောင်း သက်ပြင်းတစ်ချက် မသိမသာချလိုက်မိသည်။

"ဘယ်အချိန်ကတည်းက သိနေတာကြောင့်လဲ"

"အဲ့ဒါက အရေးမကြီးဘူး"

"ဘာလို့ အရေးမကြီးရမှာလဲ၊ ငါမင်းနဲ့အတူရှိနေတဲ့ တစ်လျှောက်လုံး ဘယ်အချိန်များ အလိမ်ပေါ်မလဲဆိုတဲ့စိတ်နဲ့ ကြောက်ရွံ့ခဲ့ရတာ၊ ငါ့ကို မင်းဘယ်အချိန် ဒေါသမျက်လုံးတွေနဲ့ ကြည့်မလဲလို့ တွေးပူခဲ့ရတာ၊ ဒါပေမဲ့ အခုလို ဘာမှမဖြစ်တဲ့ပုံစံဖြစ်နေတော့လည်း ထူးထူးဆန်းဆန်း ငါကြောက်တယ်၊ အဲ့အစား ငါ့အပေါ် ဒေါသထွက်လိုက်ပါလား"

ထယ်ယောင်းစကားဆုံးသည်နှင့် ဂျောင်ဂုဟာ ထယ်ယောင်းဘက်ပြန်လှည့်လာပြီး အနားကို ပိုတိုးကပ်လာလေသည်။

Unrealistic Husband [Completed]Where stories live. Discover now