⚙️9⚙️

13.5K 1.7K 172
                                    

(Unicode)

ယနေ့ သူဌေးရဲ့ ဆင့်ခေါ်မှုဖြင့် ထပ်မံ၍ သူဌေးဂန်၏ အိမ်သို့ ထယ်ယောင်းရောက်နေပြန်သည်။

ရက်အနည်းငယ်ကြာသည်အထိ ဂျောင်ဂုနဲ့ အခုထိ မတွေ့ရသေးသလို၊ ဂျောင်ဂုဘက်မှလည်း ဆက်သွယ်မလာသဖြင့် ဂျောင်ဂုများ စိတ်ကုန်သွားပြီး လက်မထပ်ချင်တော့ဘူးလားဟု ထယ်ယောင်းအတွေးဝင်မိသည်။ သူ့ဘက်က ကန့်ကွက်လာရင် အားလုံးပျက်စီးပြီ။ ယူထားသမျှ ပိုက်ဆံတွေ အကုန်ပြန်လျော်ရမယ့်ကိန်းပင်။

အခုလည်း ဂျောင်ဂုနဲ့ မတွေ့ရတာကြာပြီမို့ စိတ်ပူနေတာကို သူဌေးက အခေါ်ရှိတော့ ထယ်ယောင်းမှာ နှစ်ဆ ပို၍ စိတ်ပူရပြန်သည်။ ကျေးဇူးပြုပြီး မကောင်းတဲ့ သတင်းတော့ မဟုတ်ပါစေနဲ့။

တစ်ယောက်တည်း အတွေးလွန်နေသော ထယ်ယောင်းရှိရာ ဧည့်ခန်းထဲသို့ ဝင်လာသော သူဌေးဂန်။ ထိုအခါ ထယ်ယောင်းလည်း ထိုင်ရာမှ ထ၍ သူဌေးကို ဦးညွှတ်နှုတ်ဆက်သည်။ သူဌေးက ပြန်ထိုင်ရန် လက်နဲ့ အချက်ပြ၏။ သို့နှင့် သူဌေးရော ထယ်ယောင်းရော ခုံတွင် ပြန်ဝင်ထိုင်လိုက်ကြတော့သည်။

"ပြောစရာရှိလို့ ခေါ်လိုက်တာ"

"ဟုတ်ကဲ့ သူဌေး"

မရည်ရွယ်ပါဘဲ ထယ်ယောင်းမှာ စိတ်ပူပန်စွာဖြင့် လက်ချောင်းခြေချောင်းလေးတွေကို ကုတ်ထားမိသည်။ စာသင်ခန်းထဲတွင် ဆရာ စာမေးနေသော ခံစားချက်ဖြင့်။

"နောက်အပတ်ထဲ လက်ထပ်ပွဲလုပ်မယ်"

"ဗျာ"

"သူဌေးဂျွန်ဘက်က စပြောလာတာပဲ၊ ဂျောင်ဂုကလည်း သဘောတူတယ်၊ ငါလည်း သဘောတူတယ်၊ မင်းလည်း သဘောတူရမယ်"

အခုချိန်မှာ လက်မထပ်ချင်ဘူးလို့ ပြောလို့လည်း ရမှမရဘဲ။ အစတည်းက သဘောတူထားတဲ့အချက်က ဗစ်ထိုရီအယောင်ဆောင်ပြီး ဂျွန်ဂျောင်ဂုနဲ့ လက်ထပ်ဖို့။

"အဲ့တော့ မင်းလည်း သဘောတူတယ်ဆိုပြီး ငါပြောပြီးပြီ၊ လက်ထပ်ပွဲက နောက်အပတ်ထဲ ဖြစ်လိမ့်မယ်"

"ဒီလောက်မြန်မယ်လို့ မထင်ထားဘူး"

"အဓိကက မြန်ဖို့ပဲလေ၊ တော်တယ် ထယ်ယောင်း"

Unrealistic Husband [Completed]Hikayelerin yaşadığı yer. Şimdi keşfedin