⚙️31⚙️

12.6K 1.6K 198
                                    

(Unicode)

"ရုတ်တရက်ကြီး ဘာလာလုပ်တာလဲ၊ ငါ့ကို ပစ်ထားပြီးတော့"

ပြုံးစစမျက်နှာပေးဖြင့် အမေးပြုလာသော ဗစ်ထိုရီဂန်။ ထယ်ယောင်းလည်း ဂျောင်ဂုကို နားမလည်နိုင်တော့သည့်အဆုံး ပူထူပြီး ဗစ်ထိုရီအိမ်ကို ရောက်လာခြင်းဖြစ်သည်။ ဂျောင်ဂုနဲ့ ပက်သက်ပြီး သိတာလည်း ဗစ်ထိုရီဂန်ပဲ ရှိသည်လေ။

"အဲ့ဒါက.. ဂျောင်ဂု.. ဂျောင်ဂုက ထူးဆန်းနေလို့"

"သူထူးဆန်းတာ အခုမှသိတာလား၊ ငါတော့ မင်းသူ့ကျော့ကွင်းထဲ ကောင်းကောင်းကြီး ဝင်သွားပြီထင်တာ"

ထယ်ယောင်းဘာမှပြန်မပြောမိ။ သက်ပြင်းသာ အကြိမ်ကြိမ်ချမိနေသည်မှာ ဘယ်နကြိမ်မှန်းပင်မသိတော့။

ထယ်ယောင်း တကယ်စိတ်ပူပန်နေတာကို ရိပ်မိတဲ့ ဗစ်ထိုရီဟာလည်း ပြောင်စပ်စပ်လုပ်မနေတော့ဘဲ မျက်နှာထားတည်လိုက်ကာ ထယ်ယောင်းကို ဆိုဖာတွင် ထိုင်စေသည်။ သူကိုယ်တိုင်ကလည်း ထယ်ယောင်းနဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။

"ပြော.. မင်းရဲ့ ဂျောင်ဂုက ဘာ‌ဖြစ်လို့လဲ"

"သူ့အလုပ်အကိုင်က ဘာလဲ"

"ဟိုတယ်‌ပိုင်တယ်လို့ ပြောထားတယ်မလား"

"အဲ့ဒါအပြင် တခြားတစ်ခုခု"

ထယ်ယောင်းစကားအဆုံး ဗစ်ထိုရီ မျက်ခုံးလေးတစ်ဖက် အထက်သို့ မြင့်တက်သွားသည်။ ပြီးမှ သက်ပြင်းတစ်ချက် ရှည်လျားစွာ ချလိုက်ပြီး

"တကယ်တော့.. ငါကိုယ်တိုင်လည်း ဘာတွေလုပ်နေမိမှန်းမသိတော့ဘူး၊ ဘယ်ကစပြီး ဘာတွေဖြစ်ကုန်တာလဲ ငါမပြောတတ်ပေမယ့် အရင်ကတည်းက ဂျောင်ဂုနဲ့ ငါက သူငယ်ချင်းတွေပါ၊ သူ့အဖေနဲ့ ငါ့အဖေနဲ့က စီးပွားဖက်တွေဆိုတော့ ငါတို့နှစ်ယောက်ကလည်း အလိုလို ခင်သွားတဲ့သဘောပါပဲ"

"အဲ့တော့ လူကြီးတွေက လက်ထပ်ဖို့ ကတိပြုခဲ့ကြတာပေါ့"

ထယ်ယောင်း၏ တန်ပြန်မေးခွန်းကို ဗစ်ထိုရီက ဟာသတစ်ပုဒ်နှယ် ခပ်တိုးတိုးရယ်လိုက်လေသည်။

"ပေါက်ကရတွေ၊ ဘာလက်ထပ်ဖို့ အစီအစဉ်မှ မရှိဘူး"

"ဒါပေမဲ့.."

Unrealistic Husband [Completed]Where stories live. Discover now