ရမ္မက်နွံ
(သူမမုန်းသော ခင်ပွန်း)
Part 5
" မင်းအဆင်သင့်ဖြစ်ပြီလား "
အလှပြင်ခုံရှေ့တွင် ထိုင်နေသော မယ့်အား
ထိုလူမေးလိုက်ခြင်းဖြစ်သည်။ ထိုလူနဲ့
လက်ထပ်ဖို့ အတတ်နိုင်ဆုံးစိတ်ကို ပြင်ဆင်
ထားခဲ့ပေမဲ့ ဒီလောက်ကြီး မြန်မယ်လို့
မထင်ထားခဲ့ပါ။ သူ့ဘက်ကတော့ လက်ထပ်ပွဲကို
ကြိုက်သလို စီစဥ်ခွင့်ပေးပေမဲ့ မယ်ဘာမှ
ကြီးကြီးကျယ်ကျယ် တွေမလုပ်ချင်။ ဂုဏ်ပကာသနဆိုတာ
အရေးမကြီးမှန်း လောကကြီးက သင်ကြားပေးခဲ့ပြီး
ဖြစ်လေသည်။" ပြီးပါပြီ ရှေ့နေကြီးရော ရောက်ပြီလား "
" လာပြီလို့တော့ ဖုန်းဆက်ထားတယ် မင်းပြီးရင်
သားသားကိုသွားကြည့်လိုက်အုံး ကိုယ်အဝတ်အစား
လဲပြီးမှဆင်းလာခဲ့မယ် "" အင်း "
မယ်သည် ဘေးဘက်ခန်းက သားသားဆီကို ထွက်လာခဲ့သည်။
ဒေါ်မြင့်က သားသားကို အဝတ်အစားလဲပေးထားတာမို့
သားသားကအဆင်သင့်ဖြစ်နေလေပြီ။" မားမား လှရယ် "
" လှလိုက်တာ မမလေးရယ် "
မယ်သည် ကြွက်သွေးရောင် ဗမာဝမ်းဆက်လေးနှင့်
သိပ်လိုက်ဖက်သည်။ ဆံပင်ကိုလည်း ရိုးရှင်းစွာ
ထုံးဖွဲထားတာမို့ ယဥ်ယဥ်လေးနဲ့လှသည်။" သားသား လည်း လှပါတယ်ကွယ် လာပါအုံး
မားမားဆီကို "သားသားကိုပွေ့ချီကာ အခန်းပြင်ကိုထွက်လာခဲ့သည်။
" အာဝါးပေး "
" အာဘွား မွ မွ "
မယ်သည် ကလေးငယ်အား အားရစွာနမ်းရှိုက်လိုက်သည်။
သားသားသည် မယ့်ဘဝရဲ့ အတွယ်အတာတစ်ခု
အဖြစ်တည်ရှိလာခဲ့ပြီဖြစ်သည်။ သားသားကိုလည်း
သားအရင်းတစ်ယောက်လိုချစ်ပြီး မိခင်ကောင်းတစ်ယောက်
ဖြစ်အောင် ကြိုးစားဖို့လည်း မယ်ဆုံးဖြတ်ထားသည်။" ပါးပါး "
လှေကားဝတွင်ရပ်စောင့်နေသော ထိုလူသည် တိုက်ပုံ
အင်္ကျီလေးနှင့် သန့်ပြန့်နေသည်။ ဆေးလိပ်အမြဲသောက်သော
ထိုလူနှုတ်ခမ်းများသည် အညိုရောင်သမ်းနေတာမို့
စွဲဆောင်မှုရှိနေသည်။ နှုတ်ခမ်းမွှေးရေးရေး ကလည်း
သူနှင့်လိုက်ဖက်သည်။
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "