Part 2(U&Z)

12.2K 243 4
                                    

ရမ္မက်နွံ

(သူမမုန်းသော ခင်ပွန်း)

Part 2

တစ်ပတ်ဆိုသော အချိန်သည် ဘာမှများတာမဟုတ်။
ခုချိန်မှာ မယ် သည် သူဌေးသမီးဂုဏ်ပုဒ်သာ ကျန်ရှိနေသော
မိန်းကလေး တစ်ယောက်ပင်။ မယ် ပိုငိဆိုင်တာဆိုလို့
ချူတစ်ပြားပင်မရှိ။

" မမလေး ဘယ်လိုလုပ်ဖို့စဥ်းစားထားလည်း "

မယ် သည် ဖခင်ဖြစ်သူ ဓာတ်ပုံရှေ့တွင် ငြိမ်သက်စွာ
ရပ်နေခဲ့လေသည်။ မယ် ဖေဖေ့ကို အပြစ်တင်ချင်ပေမဲ့
လည်း ဖေဖေက တခြားသော ဘုံဘဝကို ကူးပြောင်း
သွားခဲ့ပြီဖြစ်သည်။

" အတတ်နိုင်ဆုံး ငါကြိုးစားရမှာပဲ မယ်ရီ ငါ့ဘဝက
စုတ်ပြတ်သွားပြီ ငါအဲ့ဒီငွေတွေကို ဘယ်ကသွားရှာ
ရမှာလည်း "

" မမလေး ဘေးမှာ မယ်ရီ တစ်ယောက်လုံးရှိပါတယ်
မမလေးဘက်မှာ ဘယ်သူမှမရှိတော့ရင်တောင် မယ်ရီ
ရှိနေပါသေးတယ် "

" အချိန်တိုင်း ငါ့အနားမှာနေလို့ ဘယ်ဖြစ်မလဲ နင့်မိသားစု
ရှိသေးတယ်လေ မယ်ရီ ဖေဖေ့ စျာပနပြီးတာနဲ့ နင်လွတ်လပ်
သွားပြီ "

" မမလေး "

" ငါ့ဒုက္ခတွေကို ကူပြီးခံစားနေတာ ဒီလောက်ဆိုရင်ပဲ
တော်လောက်ပြီ မယ်ရီ နင့်ဘဝကို လွတ်လပ်စွာ
ပျံသန်းနိုင်ပြီ "

မယ်ရီသည် မယ့်သူငယ်ချင်းဆိုလည်း ဟုတ်သည်။
မယ့် အတွက် သိပ်ချစ်ရတဲ့ အမလည်း ဖြစ်သည်။
မေမေ မရှိတော့တဲ့ ၁၁နှစ်တာ ကာလပတ်လုံး မယ်ရီ
သည်သာ မယ့်အတွက် တွယ်တာစရာဖြစ်ခဲ့သည်။
မယ်ရီ နဲ့ခွဲရမည်ဆိုတော့ မယ့်ရင်ထဲမှာ စို့နင့်စွာခံစား
ရသည်။ လောကတွင် မယ်ရီလောက် မယ့်အပေါ် သည်းခံ
နိုင်သူ ရှိမည် မဟုတ်ပါ။ မယ် မယ်ရီကို ချစ်ပါသည်။
မယ့် ဘဝနဲ့ရောပြီး မယ့်ရီဘဝကို မနစ်မွန်းစေချင်ပါ။
မယ့် ဒုက္ခကို မယ့်ဘာသာပဲ ပျော်ပျော်ကြီး ခံစားလိုက်မည်။

" မမလေးရယ် "

မယ်ရီ တစ်ယောက်ပဲ ဖေဖေ့ ဓာတ်ပုံရှေ့မှာ ကျန်နေခဲ့သည်။
မယ်လည်း ခြံထဲက ဒါန်းပေါ်မှာ အသာလေးထိုင်နေခဲ့သည်။
မယ့် ဘဝမှာ အမေဆိုတာလည်း မမြင်ဖူးခဲ့။ မေမေက
မယ့်ကို မွေးပြီးပြီးချင်း မီးတွင်းထဲမှာပဲ ဆုံးသွားခဲ့တာဖြစ်သည်။
ထိုအချိန်က စပြီး ဖေဖေဟာ မယ့်ကို ဂြိုလ်ဆိုး တစ်ကောင်
ကံမကောင်းတဲ့ ကလေးလို့ သတ်မှတ်ကာ မချစ်ခဲ့ပါ။
ဖေဖေရဲ့ သက်တမ်းတစ်လျှောက် မယ့်ကို သမီးလို့တောင်
တစ်ခါမှ မခေါ်ခဲ့ဖူးပါပေ။

ရမ္မက်နွံWhere stories live. Discover now