part 16

6.9K 160 6
                                    

ရမ္မက်နွံ

Part 16

ဧကရီတစ်ယောက် ဒေါသပုန်ထကာ ဦးမိုးမြင့်
အိမ်တွင် သောင်းကျန်းနေခဲ့တာ ဖြစ်သည်။
ဦးမိုးမြင့်ကတော့ သူ့တပည့်တွေနဲ့ အပြင်ထွက်
သွားတာမို့ နေ့ခင်းလောက်မှ ပြန်ရောက်လာတော့
သည်။ သောင်းကျန်းနေသော ဧကရီကို ဘယ်လို
ထိန်းရမှန်းတောင် မသိ။ ဒီမိန်းကလေးက သူအလို
လိုက်လွန်း၍ ကမ်းတက်နေပြီ ဖြစ်သည်။

" ဧကရီမကျေနပ်ဖူး ကိုကြီး "

ဦးမိုးမြင့်သည် သူ့တပည့်တွေကို အပြင်
ထွက်ဖို့ အချက်ပေးလိုက်သည်။ ဧကရီ
ကမ်းပေးသော အရက်ခွက်ကို ယူကာ
အေးအေးလူလူပဲ စကားပြန်ပြောနေခဲ့သည်။

"မင်းရဲခေါင်နဲ့ ဘာပြဿနာရှိလို့လည်း
ဒါမှမဟုတ် မင်းဘယ်သူနဲ့ ပြဿနာဖြစ်
လာတာလည်း "

" ဧကရီ ဒေါသတွေ ထိန်းမရတော့ဘူး
ကိုကြီးရာ "

ဧကရီသည် လက်ထဲက ဖန်ခွက်အား နံရံ
သို့ပြစ်ပေါက်လိုက်သည်။ ကြမ်းပြင်
ပေါ်တွင် ကျကွဲနေသော ဖန်ကွဲစများက
လည်း ပြန့်ကျဲလျက်ရှိနေသည်။

" လိုရင်းကိုပြော "

ဧကရီသည် ဦးမိုးမြင့် ပုခုံးကို အသာလေး
ကိုင်ကာ ပွတ်သပ်နေခဲ့သည်။ ဦးမိုးမြင့်ကတော့
မျက်စိကိုမှီတ်ကာ ဧကရီပြုသမျှ ငြိမ်ခံနေသည်။

" မင်းရဲခေါင်မှာ မိန်းမနဲ့ ကလေးရှိနေတယ် "

" ဘာ!

ဦးမိုးမြင့် တစ်ယောက် အံ့သြလွန်းနေခဲ့သည်။
မင်းရဲခေါင်ဆိုတာ ဒိတ်ဒိတ်ကြဲ သူဌေး
သူ့အကြောင်းကို အစအန အသည်းအသန်
လိုက်စုံစမ်းခဲ့တာတောင် သူက အိမ်ထောင်
မရှိသူလို့သာ သိထားခဲ့ရသည်။

" မင်းတကယ်ပြောနေတာလား "

" ဒါပေါ့ ပြီးတော့ သူ့မိန်းမကပြောသေးတယ်
သူ့ကိုသူ မင်းရဲခေါင်ရဲ့ မဟေသီတဲ့ "

" အဲတော့ မင်းဘာဆက်လုပ်မှာလဲ "

" သူ့တို့မိသားစုကို ပြိုကွဲအောင် လုပ်မယ်
NYK Entertainment ကဧကရီ
အတွက် MYK Hotel ကတော့ ကိုကြီး
အတွက်ပေါ့ "

" ကောင်းပြီလေ မင်းရဲခေါင်ကို စောင့်ကြည့်ဖို့
အနီးကပ်လူထပ်လွှတ်ထားလိုက်မယ် ညနေ
မင်းသွားစရာ ရှိတယ်မလား သွားနားတော့ "

ရမ္မက်နွံWhere stories live. Discover now