ရမ္မက်နွံ
Part 27
ကိုကိုရော မယ်ပါ ဒီည ပါတီတွက် ပြင်ဆင်
နေကြတာမို့ အလုပ်ရှုပ်နေသည်။မင်းခန့်ရော မယ်ရီကပါ အိမ်မှာ ရောက်
နေကြတာမို့ ရှိသမျှအလုပ်ကူလုပ်ပေး
ကြရှာသည်။" ကိုကို လေဆိပ်သွားရအုံးမယ်မလား
ရေချိုးတော့လေ "" ဟုတ်သားပဲ လေယာဥ်ချိန် နီးနေပြီ
မင်းခန့်ရေ မီးလုံးတွေ သေချာချိတ်နော်
ဘောလုံးလေးတွေလည်း များများထည့်
သားသားရောက်ရင် သဘောကျနေအောင် "" စိတ်ချပါ ဘော့စ်ရ အားလုံးပြင်ဆင်နေပါ
တယ် "မင်းခန့်မှာ မယ်ရီအနားကပ်နေရ၍
ပင်ပန်းမှန်းတောင် မသိတော့ပေ။
မယ်ရီသည် သူနဲ့တွေ့တာ မကြာသေးပေမဲ့
သူ့အတွေးအာရုံထဲမှာ စိုးမိုးနိုင်သော
မိန်းကလေးဆိုရင်လည်း မမှားပေ။" မမလေးတို့မှာ ကလေးရှိတယ်လား "
" မသူယောင်မယ် ရဲ့ကလေးမဟုတ်ပါဘူး "
" ဒါဆို ကိုမင်းရဲခေါင်ရဲ့ တိတ်တိတ်ပုန်း
သားလား "" ဟာ ပေါက်ကရတွေ ကိုမင်းရဲခေါင်ရဲ့တူ
ကိုနေရဲခေါင်ရဲ့သားလေ ဘော့စ်က မွေးစား
ထားတာ ကိုနေရဲခေါင်တို့ ဆုံးသွားကတည်းက "" သနားစရာပဲနော် "
" မသနားနဲ့ ဘော့စ်က သူ့သားကို
သားအရင်းလို သဘောထားတာ
တူဆိုတာတောင် ပေးသိတာမဟုတ်ဖူး "" ဒီလိုဆိုတော့ ကံကောင်းတာပေါ့ "
" အမျိုးမျိုးပဲနော် "
" ဟီး "
မယ်ရီလည်း ရောင်စုံ ပူပေါင်းများကို
သေချာ စနစ်တကျ ပြင်ဆင်ထားသည်။အလှဆုံး ဖြစ်အောင် ချိတ်ဆွဲထားသည်။
" မိန်းမရေ ကိုယ့်တစ်ဘက်လေး လှမ်းပေး
ပါအုံး "ကိုကို့အတွက် အင်္ကျီထုတ်ပေးတုန်းကိုကို့
အသံစူးစူးကြောင့် ရေချိုးခန်းဝကို
အမြန်ပြေးလာရသည်။" တဘတ်လား ဒီမှာ "
" လာ "
ကိုကိုက မယ့်လက်ကိုဆွဲကာရေချိုးခန်းထဲ
ဆွဲသွင်းလိုက်တာမို့ မယ်က ကိုကို့ရင်ခွင်ထဲ
အလိုက်သင့် ရောက်သွားသည်။
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "