ရမ္မက်နွံ
Part 28
မယ် အဝတ်အစားဝတ်ဖို့ ရွေးနေတာ
ကြာနေပြီ ဖြစ်သည်။ အကြောင်းကတော့
ကိုယ်တော်ချောက တိုတယ် မလိုက်ဘူး
ဟူသော စကားများတဖွဖွပြောနေ၍
ဖြစ်သည်။" ဒါလေးဆိုရင်ရော "
သူယောင်မယ်လည်း အဖြူမှာ
အနီဖောက်ထားသော ဂါဝန်ကို
ပြလိုက်သည်။" ဂါဝန်က ရှည်တော့ရှည်ပါတယ်
ဒါပေမဲ့ လည်ဟိုက်နေတယ် မိန်းမရဲ့
တခြားဟာ ပြကြည့်ပါအုံး "" ဟွန်းဟွန်း တော်ပြီ ဘာမှရွေးမနေတော့ဘူး
ဒီတိုင်းပဲ ထိုင်နေတာကောင်းတယ် "" မိန်းမကလည်း စိတ်ကြည့်ပဲ ကိုကိုက
စတာပါ ဒီမှာ ဒါလေးဝတ် နည်းနည်း
လေး လည်ဟိုက်ပေမဲ့ ဘေဘီနဲ့ လိုက်တယ်
အဲဒီအတိုအပြတ်တွေ ဘာလို့ဝတ်နေအုံး
မှာလည်းကွာ "" လှချင်လို့ ဝတ်မှာပေါ့ "
" သူများတွေ လှချင်တာ ယောကျားမရမှာ
အပျိုကြီး ဖြစ်မှာကြောက်လို့လေ ဘေဘီ့မှာ
ကိုကို တစ်ယောက်လုံးရှိနေတာ လှစရာမလို
ပါဘူး ဘာလဲ ဘေဘီ အသစ်ရှာချင်နေတာလား "" မင်းရဲခေါင်!
နဂိုကတည်းကမှ စိတ်တိုနေတာဖြစ်ပြီး
ပေါက်ကတွေ ပြောနေတာမို့ သူယောင်မယ်မှာ
တော်တော် စိတ်ဆိုးနေပြီဖြစ်သည်။" ဘေဘီကလည်း ကိုကိုကစတာနော်
ဘေဘီ ကြိုက်တာဝတ် ဘေဘီဘယ်လိုပဲ
နေနေ ကိုကိုက အပြစ်မပြောဘူးနော်
ကြိုက်တာဝတ် ကိုကိုအပြင်ကစောင့်
မယ်နော် "လူကို နောက်သလို ပြောင်သလိုနဲ့
စပ်ဖြီးဖြီးပြောကာ ထွက်သွားသော
သူ့ကြောင့် မယ် ပြုံးမိသည်။" အရူးလင်တော်ထားတဲ့ ငါ့ဘဝကလည်း
မလွယ်ပါလား "_
_
_
" အဲရစ် ဒါကနင့်အတွက် "
မင်းရဲခေါင်သည် အဲရစ်အတွက် ကော့စ်တေး
တစ်ခွက်ကို ယူပေးလိုက်သည်။ ဆိုဖီယာနဲ့
နေရဲမာန်ကတော့ ရေကန်ထဲကို လှေများ
လွှတ်ကာ ပျော်နေကြသည်။ မင်းခန့်ကတော့
ကလေးအဖေဖြစ်နေကာ ကလေးနှစ်ယောက်
ဆော့ သမျှကို လိုက်ထိန်းနေရသည်။
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "