ရမ္မက်နွံ
Part 18
နေရဲမာန်ကို နိုင်ငံခြားပို့လိုက်ကတည်းက
သူယောင်မယ်မှာ အရင်လိုမလန်းဆန်း
တော့ပေ။ မှိုင်တွေ ငေးကာနေသည်။
တစ်ခါတစ်ရံနေရဲမာန် အခန်းတွင်
သွားနေတတ်ပြီး နေရဲမာန်၏ ကစား
စရာများကို ကလေးတစ်ယောက်သဖွယ်
ကစားနေမိသည်။ မင်းရဲခေါင်လည်း
နေရဲမာန်နဲ့ မခွဲချင်ပါ ။ အဓိကကနေရဲမာန်
၏ လုံခြုံရေး အတွက်ပင်။ ဦးမိုးမြင့်နဲ့
ဧကရီက မင်းရဲခေါင်တို့ မိသားစုကို
မျက်ခြည်မပြတ်စောင့်ကြည့်နေမှာ
သေချာသည်။" ဘေဘီ "
" သားကို လွမ်းတယ် ပြန်ခေါ်ပေးပါလား
ဟင် အဟင့် သားအဆင်ပြေမှာပါနော် "ကလေးလေးသဖွယ် ငိုကြွေးနေသော
သူယောင်မယ်ကို မင်းရဲခေါင် တကယ်
သနားသည်။ သူလည်း ခံစားရပေမဲ့
သားလုံခြုံရေး အတွက်ဆိုပြီး စိတ်တင်းကာ
နေခဲ့သည်။" ကိုယ်လည်း မခွဲချင်ပါဘူး အချစ်ရယ်
အားလုံးပြုံးဆုံးသွားရင် သားကိုမင်းစီ
ပြန်ခေါ်လာပေးမယ်လို့ ကိုကတိပေးတယ်
မငိုနဲ့တော့နော် "" အွန်း ကိုကို အလုပ်သွားတော့မှာလား
မယ် ဘာလုပ်ပေးရအုံးမလည်း "" ဒီနေ့တော့ အလုပ်ပါးပါတယ် ရိုက်ကွင်းလည်း
မရှိဘူးဆိုတော့ ဘေဘီက အိမ်မှာပဲ
နေခဲ့လေ ကိုကိုနေ့တစ်ဝက်နေရင်
ပြန်လာခဲ့မယ် "" အာ့လိုလုပ်လို့ရတယ်လား "
" မင်းယောကျ်ားက ဘောစိလေ
မိန်းမရဲ့ "" ဟီး "
" လာ ကိုကို့ကို အာဘွားပေးအုံး "
" အွန် ဘာဆိုင်လို့လည်း "
" morning kiss လေးလေ မိန်းမကလည်း "
" အွန်း အာဘွား "
သူယောက်မယ်သည် မင်းရဲခေါင်၏
မေးစေ့ချွန်ချွန်အား ခြေဖျားထောက်ကာ
နမ်းလိုက်သည်။ ကျေနပ်ပီတီ ဂွမ်းဆီထိ
သွားသော သကောင့်သားက သူယောင်မယ်ကို
စေ့ကနဲပွေ့ကာ ရမ်းလိုက်သည်။" ကိုကိုနော် ဘာလုပ်တာလည်း
အောက်ချပေး "" မရဘူး ကားနားထိ ဘေဘီကို ကိုကို
ချီသွားမယ် "
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "