part8(U&Z)

8.9K 170 2
                                    

ရမ္မက်နွံ

Part 8

MYK Hotel တွင် ပြဿနာဖြစ်ပွား၍
မင်းရဲခေါင်တို့ အလုပ်ရှုပ်နေကြလေသည်။
ဧည့်သည်ကတော့ သူ့ပစ္စည်းပျောက်၍
တိုင်မယ်တကဲကဲ လုပ်နေလေတော့သည်။
သံသယဖြစ်သူကို စစ်ဆေးကြည့်တော့လည်း
သက်သေမရှိတာမို့ ဘယ်သူ့ကို ယုံရမှန်းတောင်
မသိအောင် ဖြစ်နေလေတော့သည်။

" ရဲရင့် မင်းအဲ့အခန်းကို သွားခဲ့တာလား "

မင်းခန့်မှ သန့်ရှင်းရေးဝန်ထမ်းကောင်လေးအား
မေးနေခြင်းဖြစ်သည်။ မင်းရဲခေါင်ကတော့
ဆိုဖာတွင် ထိုင်ကာ အကဲခတ်နေလေသည်။

" ကျွန်တော်သွားခဲ့ပါတယ် ကိုမင်းခန့် "

" သူပြောတဲ့လက်စွပ်ဆိုတာရော မင်းတွေ့မိလား "

" ကျွန်တော်ဝင်လာတော့ ဘာပစ္စည်းမှ
မရှိပါဘူးအကိုရာ ကျွန်တော်တကယ်ပြောတာပါ "

" ခက်တာပဲကွာ ငါလည်းဘယ်လိုဆက်လုပ်ရမှန်း
မသိတော့ဘူး "

ရဲရင့်သည် မင်းခန့်လိုပဲ နယ်မှ ရန်ကုန်သို့
အလုပ်လာလုပ်သူဖြစ်လေသည်။ မင်းခန့်
သိသလောက်တော့ ရဲရင့်သည် ရိုးသည်
အေးသည်။ စကားနည်းသည်။ ဘာသံသယမှ
ဖြစ်စရာမရှိ ဧည့်သည်ဖြစ်သူ အတင်းပြောဆို
နေလို့သာ စစ်မေးနေရခြင်းဖြစ်လေသည်။

" ကျွန်တော် ဘာဆက်လုပ်ရမလဲ ဘော့စ် "

" ငါအဲဒီ့ဧည့်သည်ကို မသင်္ကာဘူး ထားလိုက်တော့ကွာ
မင်းသွားလို့ရပြီရဲရင့် ဘာမှ စိတ်ထဲမထားနဲ့ မင်းခန့်
ဧည့်သည်ရဲ့ ပစ္စည်းကို မင်းပဲစီစဥ်ပေးလိုက် ငါ့
ဘဏ်ကဒ် ယူသွား "

" ဟုတ်ကဲ့ပါ ဘော့စ် "

မင်းရဲခေါင်သည် ဆေးလိပ်ကို ဟန်ပါပါရှိုက်ရင်း
မှုတ်ထုတ်နေမိသည်။ ခုတလော ပြဿနာတွေက
သိပ်များနေသည်။ Hotel မှာ မဖြစ်ရင်တောင်
ကုန်တိုက်မှာ ဖြစ်သည်။ Entertainment ကတော့
အဆင်ပြေနေတာမို့ ပြောသလောက်တော့ မဆိုးသေး။
Entertainment မှာ ပြဿနာထပ်ဖြစ်ရင်
မင်းရဲခေါင်တော့ ခေါင်းမွှေးတောင် ရှိမှာမဟုတ်
တော့ဘူးရယ်။

" ဟယ်လို "

ကုန်တိုက်က ဖုန်းဆက်လာတာမို့ ချင်ချင်းပင်
ပြန်ဖြေလိုက်သည်။ ဘာပြဿနာဖြစ်အုံး
မလည်းလို့ပဲ တွေးလိုက်မိတာတော့အမှန်ပင်။

ရမ္မက်နွံWhere stories live. Discover now