ရမ္မက်နွံ
Part 10
( နောက်ကြောင်းပြန်ခြင်း)
The King ပိုင်ဆိုင်သော ဘီယာဆိုင် တစ်ခုတွင်
ဆိုင်တစ်ခုတွင်။" မုဒိတာ နင့်မှာ ပိုက်ဆံကျန်သေးလား "
" ၂သောင်းလောက်ရှိသေးတယ် ဧကရီ
နင်ဘာလုပ်ချင်လို့လဲ "" ငါမိတ်ကပ်ဗူးဝယ်မလို့ ချေးထားစမ်းပါဟာ
လကုန်ရင် ပြန်ပေးမယ် "မုဒိတာနှင့် ဧကရီသည် နယ်မှ အလုပ်လာ
လုပ်ကြသူများပင်။ တစ်နယ်စီကလာကြ
ပေမဲ့ သူငယ်ချင်းအဖြစ်ပေါင်းသင်းကြသည်။
မုဒိတာက ရိုးအေးသလောက် ဧကရီက
ရှုပ်သည်။မုဒိတာတို့အလုပ်က ဘီယာဆိုင်ကိုလာသည့်
ဧည့်သည်များကို သီချင်းဆိုကာ ဧည့်ခံရသည်။
ဘီယာဆိုင်တွင် လာကြသော သူဌေးများက
မုဒိတာကို ဆုတွေချလျှင် ဧကရီကမကျေနပ်
ပါပေ။ မုဒိတာကို အမြဲပြဿနာရှာသည်။
မုဒိတာကို အမြဲချောက်တွန်းလေ့ ရှိသည်။" ဟဲ့ ဟိုဘက်ဝိုင်းက ဘဲကအရမ်းချောတယ်နော် "
ဧကရီသည် ခပ်လှမ်းလှမ်းတွင် ထိုင်နေသော
လူတစ်ယောက်အား လက်ညိုးထိုးပြ
နေသည်။ မုဒိတာက ယောကျာ်း တွေကို
စိတ်မဝင်စား အိမ်အတွက် အလုပ်လာလုပ်သူမို့
အိမ်ကိုပဲ ဦးစားပေးသည်။" ရှုပ်ရှုပ်ယှက်ယှက်တွေဟာ "
သိပ်မကြာလိုက် ဧကရီသည် ထိုလူနဲ့တွဲဖြစ်
လေတော့သည်။ မုဒိတာကိုတောင် မတူသလို
မတန်သလို ဆက်ဆံကာ အရေးပင်မလုပ်တော့ချေ။" မုဒိတာ ဒီဆိုင်က အလုပ်ထွက်လိုက်ပါလားကွာ
တခြားအလုပ် ကိုယ်ရှာပေးမယ် "မုဒိတာအား အမြဲတစေ လာပိုးပန်းနေသူ
တစ်ယောက်ရှိလေသည်။ ထိုသူက နေရဲခေါင်ပင်။
နေရဲခေါင်သည် အနေအေးသည်။ လူပုံက
ခပ်နွမ်းနွမ်း မို့ ဧကရီက စိတ်မဝင်စား ။
မုဒိတာ မရှိလေ အေးလေ ဆိုတဲ့သဘောနဲ့
တိုက်တွန်းလေတော့သည်။" မုဒိတာရယ် ဟုတ်သားပဲ ကိုနေရဲခေါင်က
စေတနာနဲ့ပြောတာကို "မိုးထက်က မုဒိတာကို သဘောကျနေ၍
ဧကရီက အတင်းနှင်ထုတ်ခြင်းဖြစ်သည်။
မုဒိတာကလည်း နေရဲခေါင်ကို သဘောကျနေသူမို့
နေရဲခေါင်နဲ့ပဲ လက်ထပ်ဖြစ်ခဲ့သည်။
ŞİMDİ OKUDUĞUN
ရမ္မက်နွံ
Romantizm" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "