ရမ္မက်နွံ
(သူမမုန်းသော ခင်ပွန်း)
Part 4
မနက်ခင်းရဲ့ အလင်းရောင်က အစပြုလို့လာခဲ့လေပြီ။
မယ် တစ်ယောက်တော့ အိပ်ယာထဲမှာ လွန့်လွန့်လူးနေလိုက်သည်။
သူဌေးသမီးဘဝမှ လာခဲ့သူမို့ မနက်စောစော မထတတ်
တာလည်းပါလိမ့်မည်။ မသောက်တတ် သောက်တတ်နဲ့
ညကသောက်ထားသည့် ဘီယာကြောင့် ခေါင်းတောင်
နဲနဲနောက်နေသေးသည်။" အမလေး "
ဆီးသွားဖို့ ထလိုက်တော့မှ ကိုယ်ပေါ်က အဝတ်အစားတွေကို
သတိထားမိသည်။ ညတုန်းကမူးနေပေမဲ့ အသိစိတ်တော့
ရှိနေခဲ့သည်။" ဒါက ဘယ်လို ဟင် "
မယ် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ခုတင်ရဲ့
ဘယ်ဘက်မှာ အိပ်နေတဲ့ အမျိုးသားတစ်ဦး ။" ဒါဆို ညက ဟာ မဖြစ်နိုင်တာ ငါတစ်ယောက်ထဲ
အိပ်ခဲ့တာပါ "မယ် စဥ်းစားလို့မရနိုင်အောင် ဖြစ်ရသည်။ ကျောဘက်သာ
မြင်ရသော အမျိုးသားက ဘယ်သူဘယ်ဝါဆိုတာ
မယ် မသိပါ။ ထိုအမျိုးသား၏ မျက်နှာကိုကြည့်ဖို့
မယ် ကြောက်ရွံနေသည်။" ရှင် "
မယ် မျက်စိမမှားဘူးဆို ဒီလူက ဟိုတစ်နေ့က တွေ့ခဲ့တဲ့
လူပါ။" ခေါင်းတွေ ရှုပ်လိုက်တာ ငါသူနဲ့အိပ်လိုက်မိတာလား "
" မင်းနိုးနေရင်ပါးစပ်ပိတ်ထားလို့ရမလား နားငြီးတယ် "
အေးစက်သော သူ့အသံက မယ့် ကို ကြောက်လန့်စေသည်။
မယ်က သူ့ထောင်ချောက်ထဲကို စိုက်စိုက်မြိုက်မြိုက်ကြီးကို
တိုးဝင်ခဲ့တာပေါ့။" ရှင် လူယုတ်မာ "
မယ် သူ့ရင်ဘတ်ကို တွန်းလိုက်သည်။
" ဒီမှာငါအိပ်ရေးမဝသေးဘူး လူယုတ်မာလို့ခေါ်ရအောင်
မင်းကိုတစ်စက်လေးမှ ငါအသားမယူခဲ့ဘူး ကိုယ့်ကိုကိုလည်း
ပြန်ကြည့်လိုက်အုံး "အဝတ်အစားပြောင်းနေတာကလွဲလို့ အရာအားလုံးက
ပုံမှန်ပဲဖြစ်သည်။" ဒါဆို ဒီအဝတ်အစားတွေကရော "
" မင်းတော်တော် အရစ်ရှည်ပါလား ပြန်အိပ်ချင်အိပ်
မအိပ်ချင်လည်းရေသွားချိုးတော့ မင်းမေးတာတွေ
ဖြေနေဖို့ ငါ့မှာအစီအစဥ်မရှိဘူး "
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "