part 3(U&Z)

10.6K 223 2
                                    

ရမ္မက်နွံ

Part 3

ဖေဖေ့ရက်လည်အတွက် လိုအပ်တာ မှန်သမျှကို
မယ်ကိုယ်တိုင်ပဲ စီစဥ်ရသည်။ ဘုန်းကြီး ၅ပါးအတွက်
ပရိက္ခရာ ရှစ်ပါးနဲ့ စားစရာလေး နည်းနည်းပါးပါးပါပဲ။
မယ် တို့မှာ ဆွေမျိုးသားချင်းလည်း မရှိလေတော့
ဘေးနားက နှစ်အိမ် သုံးအိမ်လောက်နဲ့ပဲ ဖေဖေ့
ရက်လည်ကို ပြီးဆုံးစေလိုက်တယ်။

အကျဥ်းချုံးပြီး လုပ်ခဲ့တာတောင် ကုန်ကျငွေက
အားလုံးပေါင်း သိန်း၂၀နီးပါး ရှိသွားခဲ့တာ။
မယ် ၁၀တန်းအောင်တုန်းက ဖွားဖွားကြီး ပေးခဲ့တဲ့
ဆွဲကြိုးလေး ရောင်းလိုက်ရတယ်။ ဒါပေမဲ့
မယ် ဝမ်းမနည်းခဲ့ပါဘူး ဖေ့ဖေ့ အတွက် ကုသိုလ်
လုပ်ပေးခဲ့တာပဲ။ ဖေဖေကသာ မယ့်ကို မချစ်ခဲ့ပေမဲ့
မယ် ကတော့ ဖေဖေ့ကို ချစ်ခဲ့တယ်လေ။

" မယ်ရီ နင်နယ်ပြန်တော့မှာ ဆိုတော့ ငါဘယ်လို
ပြောရမှန်းမသိဘူးဟာ "

" ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ မမလေး "

" ငါကအခုနင့်နဲ့မမလေး မဟုတ်တော့ပါဘူး
မယ် လို့ပဲခေါ်လေ "

မယ်ရီ နဲခွဲရမည်ဆိုတော့ မယ့် ရင်ထဲမှာ ဟာတာတာ။
နှင်ထုတ်သူကလည်း မယ်ကိုယ်တိုင်ဖြစ်နေသလို
မခွဲနိုင်သူကလည်း မယ် ကိုယ်တိုင်ပဲ ဖြစ်သည်။
ကိုယ့်ဘဝကိုတောင် ဘယ်လိုရှေ့ဆက်ရမှန်း မသိလေတော့
မယ်ရီကိုလည်း ဒုက္ခမပေးချင်ပါ။

" နင့်အတွက် "

မယ်ရီ အတွက်ရည်ရွယ်ထားတဲ့ စက္ကူဗူးလေးကို ပေးလိုက်သည်။

" နင်အိမ်ရောက်ပြီဆိုမှ ဖွင့်ကြည့် ငါ့အတွက်လည်း
စိတ်မပူနဲ့ သူယောင်မယ် က လွယ်လွယ်နဲ့တော့
ပျောက်ကွယ် သွားမှာ မဟုတ်ပါဘူး "

" မယ် ခေါ်နေကျမဟုတ်တော့ တစ်မျိုးကြီးပဲ
ဂရုစိုက်နော် ဒီမှာအဆင်မပြေရင် နယ်ကိုလိုက်လာခဲ့
မယ်ရီ မျှော်နေမယ် "

" အင်းပါ နင်ကားနောက်ကျနေလိမ့်မယ် သွားတော့လေ "

" အင်း "

တွေ့ဆုံမှုက ပျော်စရာကောင်းသလောက် ခွဲခွာခြင်းက
သိပ်ရက်စက်သည်။

ရမ္မက်နွံWhere stories live. Discover now