ရမ္မက်နွံ
Part 7
မနက်ခင်းရောင်ခြည်တို့က ထွက်ပေါ်လာခဲ့လေပြီ။
တစ်စတစ်စကြားရသော ကျေးငှက်သံများက
နားဝင်ချိုလှသည်။" ဝါး အိပ်လို့ကောင်းလိုက်တာ "
သူယောင်မယ်သည် မနက်၈နာရီထိုးမှပဲနိုးလေ
တော့သည်။ ညကတည်းက တစ်ချိုးတည်း
အိပ်ပျော်သွားတာဖြစ်ပြီး သူထသွားတာတောင်
မသိလိုက်ပါ။ ရေချိုးပြီး မျက်နှာသစ်ရန်
မတ်တပ်ရပ်လိုက်ပေမဲ့ ခါးအောက်ပိုင်းက
တဆစ်ဆစ်နာနေတာမို့ ကြိုးစားလျှောက်လာ
ရသည်။" မင်းရဲခေါင် အယုတ်တမာကောင် တဏှာရူးကြီး
သူ့အသားမဟုတ်တိုင်း နာလိုက်တာ "ပေတေကာ ရေချိုးခန်းထဲထိ လျှောက်လာခဲ့သည်။
ရေချိုးအဝတ်အစားလဲကာ အောက်ထပ်ကို
ဆင်းလာခဲ့လေသည်။ သားသားကတော့
နိုးနှင့်နေပြီ ဖြစ်သည်။ သို့ပေမဲ့ မင်းရဲခေါင်
ဆိုသော လူ၏ အရိပ်အယောင်ပင် မတွေ့ရချေ။
မတွေ့တာပဲ ကောင်းသည် မဟုတ်ရင် မယ်
မျက်နှာပူလွန်းလို့ နေစရာတောင် ရှိမှာမဟုတ်တော့။" မမလေး မနက်စာစားတော့မလား "
" နေပါစေ ကြီးကြီး မယ်မစာသေးလို့ ဒါနဲ့
သူဘယ်သွားလဲဟင် "မေးဖို့စိတ်ကူးမရှိပေမဲ့ ရုတ်တရက်ကြီး
မေးမိတော့လည်း မျက်နှာပူရသည်။" သူဆိုတာ အကိုလေး မင်းရဲခေါင်ကို
ပြောတာလား "" အင်း "
" အကိုလေးက အစည်းအဝေးရှိလို့ မနက်အစောကြီး
ထွက်သွားပါတယ် မမလေး လိုချင်တာရှိရင်
အကုန်လုပ်ပေးဖို့လည်း မှာထားခဲ့ပါသေးတယ် "" ကြီးကြီး လုပ်စရာရှိတာလုပ်လေ သားသားကို
မယ် ထိန်းထားလိုက်မယ် "ဘောလုံး နဲ့ ကစားနေသော သားသားကို
မယ်လှမ်းခေါ်လိုက်သည်။ သားသားက
မယ်နဲ့ ရေစက်ရှိဟန်တူသည် မယ့်စကားကို
နားထောင်သည်။ လိမ္မာရေးခြားရှိတာမို့
မယ့်မှာ အချစ်ပိုနေရသည်။" မားမား တားတားနဲ့ကချားမို့ရား "
" ကစားမှာပေါ့သားသားရယ် ကြည့်ပါအုံး
သားတစ်ကိုယ်လုံးချွေးတွေနဲ့ "
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "