Special Extra

8.7K 127 4
                                    

ရမ္မက်နွံ

Special Extra 1

သူယောင်မယ် တစ်ယောက် ဂါဝန်ဇစ်ညှပ်နေပြီးချွတ်မရတာမို့ပြာယာခတ်နေသည်။ဝတ်တုန်းကတော့ မယ်ရီကူညီပေးတာမို့ ပြဿနာမရှိ။
မယ်ရီကလည်း မင်းခန့်နဲ့ အပြင်ထွက်သွားတာမို့
တစ်ယောက်ထဲ ဒုက္ခတွေ့နေတော့သည်။

" အဲရစ် ညလည်းနက်နေပြီဆိုတော့ နားတော့လေ
မနက်ဖြန်တော့ မပြန်သေးပါနဲ့အုံးဟာ ငါ့မွေးနေ့
ထိတော့ နေမယ်မလား "

" ငါ့သမီးကလည်း နင့်သားနဲ့မခွဲနိုင်သေးဘူးတဲ့
မနေလို့လည်း မရဘူး "

အဲရစ်က ခြံထဲမှာ ဆော့နေသော ကလေးတွေကိုကြည့်ကာသဘောကျနေသည်။

" အဲရစ် နင်နဲ့ငါ ခမည်းခမက်တော်ရမယ် ထင်တယ်
ငါကတော့ နင့်သမီးကို ချွေးမအဖြစ် သတ်မှတ်လိုက်ပြီ "

အတည်ပေါက်ကြီး ပြောလာသော မင်းရဲကြောင့်
အဲရစ်ပြုံးမိသည်။

" ခုမှ ကလေး တွေပဲ ရှိသေးတာကို "

" ငါက ကြီးလာရင်ပေးစားမယ် ပြောတာပါ "

" နင်တောင် နင်ကြိုက်တာနင်ယူသေးတာပဲ ကလေးတွေကိုအတင်းပေးစားလို့တော့ ဘယ်ဖြစ်မလဲ "

" ငါ့သားကို ငါယုံတယ် ငါသားက နင့်သမီးကိုပဲ
ကြိုက်မှာ "

" သူတို့ချင်းချစ်ကြရင်တော့ ငါကသဘောတူပြီးသားပါနော် "

" နင်ပြောတာနော် "

" အေး "

မင်းရဲခေါင်ဟာ အသက်ကြီးလာသည်အထိ
ငယ်ငယ်ကလို အစအနောက်သန်နေစဲ ဖြစ်သည်။

" မင်းရဲ ငါနားတော့မယ် "

" အေးအေး သားရေ ညနက်နေပြီမဆော့နဲ့တော့
ပါးပါးဆီ လာခဲ့ "

နေရဲမာန်နဲ့ ဆိုဖီယာက မင်းရဲခေါင်ဆီကိုပြေးလာကြသည်။

" ပါးပါး သားဒီနေ့ ဖီဖီတို့နဲ့အိပ်မှာ "

" သားကလည်းကွာ "

ပါးစပ်ကသာ ပြောနေပေမဲ့ မင်းရဲခေါင်ရင်ထဲမှာတော့ဝမ်းသာလွန်းလို့ပန်းတွေပွင့်နေပြီဖြစ်သည်။

" ဦးဦး ကိုကို့ကို ဖီဖီတို့နဲ့ လာအိပ်ခိုင်းပါနော် "

" ကဲပါဟယ် ကလေးတွေက အတူတူအိပ်နေကျဆိုတော့ ခွဲသိပ်လို့ရအုံးမှာ မဟုတ်ဘူး ခွင့်ပြုလိုက်ပါ "

ရမ္မက်နွံWhere stories live. Discover now