part 9(U&Z)

8.3K 167 2
                                    

ရမ္မက်နွံ

Part 9

ည၁၂နာရီ ကျော်ပြီ ဖြစ်သော်ငြားထိုလူ
ပြန်မရောက်လာသေးပါ။ အိမ်မှာရှိနေရင်
ကြည့်မရပေမဲ့ အိမ်မှာမရှိတော့လည်း
စိတ်ပူရသည်။ သားသားကတော့ မယ်
ပုံပြင်ဖတ်ပြ၍ အစောကြီး အိပ်သွားခဲ့ပြီ
ဖြစ်သည်။ အိပ်မပျော်တဲ့ အဆုံး အောက်ထပ်ကို
ဆင်းလာခဲ့သည်။

" ဦးမင်းလှ "

ဦးမင်းလှသည် လှေကားရင်းမှာ ခွေခွေ
လေး မှေးနေတာဖြစ်သည်။ ကြမ်းပြင်က
အေးနေတာမို့ မယ်စိတ်ပူသွားရသည်။
အသာလေး ပုတ်နှိုးလိုက်တော့ ဦးမင်းလှ
နိုးလာသည်။

" မမလေး မအိပ်သေးဘူးလား "

" အင်း မယ်အိပ်မပျော်လို့ ဦးမင်းလှရော "

" ကျွန်တော်မမလေးကို စောင့်နေတာ
အကိုလေးက ဒီည ပြန်မလာဘူးလို့
အကြောင်းကြားထားလို့ "

" သြော် "

" အကိုလေးက သနားစရာပါ မမလေးရယ် "

မင်းရဲခေါင်လို အရာရာပြီးပြည့်စုံနေတဲ့
လူတစ်ယောက်ကို သနားစရာ​ပြောနေတာမို့
မယ် အံ့သြမိသွားလေသည်။ မယ်မသိသေးတဲ့
မင်းရဲခေါင် အကြောင်းတွေက ဘာများလည်း။

" သူက ကြောက်ဖို့ကောင်းတဲ့လူပါ "

" မမလေး မှားနေပြီ အကိုလေးက သိပ်သနား
စရာကောင်းခဲ့တာ သားသားလေးအတွက်
သူအားလုံး ပေးဆပ်ခဲ့တာ "

" ဖခင်မေတ္တာပေါ့ ဦးမင်းလှရယ် "

" သားသားလေးက အကိုလေးရဲ့ သားအရင်း
မဟုတ်ပါဘူး "

မယ် မှင်သက်သွားရသည်။ သားသားလေးက
သူ့သားမဟုတ်ဖူးတဲ့။

" သားသားလေးကို မွေးစားထားတာလား "

" သားသားလေးက အကိုကြီးရဲ့သားပါ
နေရဲခေါင်လေ "

" သူကဘယ်သူလဲ "

" အကိုလေးရဲ့ အကိုအရင်းပါ "

မင်းရဲခေါင်ဆိုသော လူအကြောင်းကို
မယ်မသိတာ အမှန်ပင်။ အကိုရှိတာလည်း
မယ်မသိသလို ။ သူ့အကြောင်းဆို ဘာမှ
မသိခဲ့။ သူ့ကိုဆို မုန်းဖို့သာ သိခဲ့သည်။

ရမ္မက်နွံWhere stories live. Discover now