part 19(U&Z)

5.8K 150 3
                                    

ရမ္မက်နွံ

Part 19

မင်းရဲခေါင်ရော သူယောင်မယ်ပါ ကုန်တိုက်
နှစ်ပတ်လည်အတွက် အလုပ်ရှုပ်နေကြသည်။
ဧကရီကပါ ဂယက်ထထားတာမို့ ကုန်တိုက်
မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်
ထားသည်။

မင်းရဲခေါင်က စိတ်လှုပ်ရှားချင်းမရှိပေမဲ့
သူယောင်မယ်ကတော့ ဒူးတွေတုန်ကာ
လက်တွေပါ အေးစက်နေတော့သည်။

" ကိုကို "

အဆင်ပြေပါ့မလားဆိုသည့် အကြည့်ဖြင့်
မင်းရဲခေါင်အား အားကိုးတကြီးကြည့်
နေသော အကောင်ပေါက်လေးသည်
မြတ်နိုးဖွယ်ရာအတိ။ ဒီလောက်လှတဲ့
အကောင်ပေါက်လေးအား ဘယ်သူမှ
မတွေ့နိုင်အောင် ဝှက်ထားလိုက်ချင်သည်။

" ဘေဘီကလည်း ကိုကိုရှိတယ်နော်
အားလုံးအဆင်ပြေသွားမှာ "

" အင်း "

ကုန်တိုက်ထဲတွင် media အများစု
ရောက်ရှိနေကြပြီး လူတွေလည်း အများ
အပြားရှိနေသည်။ မြန်မာနိုင်ငံ ၏
ထိပ်တန်းစာရင်းဝင် သူဌေးတစ်ဦး၏
ဟိုးလေးတကြော်ကြော်ဖြစ်နေသော
သတင်းအား လူအများ စိတ်ဝင်စား
နေကြသည်။

" မင်းခန့် အားလုံး အဆင်သင့်ဖြစ်ပြီလား "

" အဆင်သင့်ဖြစ်ပါပြီဗျာ "

" ဘေဘီ ဘာမှမကြောက်နဲ့ ကိုကိုရှိတယ် "

မင်းရဲခေါင်သည် သူယောင်မယ်၏ သေးသွယ်
သော လက်ကလေးများအား ဆုပ်ကိုင်ကာ
နေရာယူလိုက်သည်။

မင်းရဲခေါင်တို့ကို မြင်တာနဲ့ လူအုပ်ကြီးက
လှုပ်ယွလာတော့သည်။

" မင်္ဂလာပါ သူဌေးရှင့် ကျွန်မသိလိုတဲ့
မေးခွန်းများကိုမေးလို့ရမလားရှင့် "

" သူဌေးရဲ့ ဇနီးဆိုတဲ့ မိန်းကလေးကို
ချပြပေးပါ "

" သူဌေးမှာ အိမ်ထောင်ရှိနေတယ်ဆိုတာ
တကယ်လားဗျ "

" သူဌေးရဲ့ ဇနီးက သူဌေးထက်အများကြီး
ငယ်တယ်ဆိုတာ ဟုတ်ပါသလားဗျ "

" ကျေးဇူးပြုပြီး အားလုံးငြိမ်ပေးကြပါဗျာ
ကျွန်တော် အားလုံးသိချင်တာကို ပြောပြနိုင်
သလောက်ထိ ပြောပြပေးမှာပါ "

ရမ္မက်နွံWhere stories live. Discover now