ရမ္မက်နွံ
Part 20
" ကိုယ်မင်းကို မိရင် အစိမ်းလိုက်ဝါး
စားမှာနော် "" ကရော် ကရော် "
သူယောင်မယ်မှာ အပြေးသန်လွန်းပြီး
အရှောင်အတိမ်း ကောင်းလွန်းတာမို့
ဖမ်းရခက်နေတော့သည်။ အကောင်
ပေါက်ကလေးက လျှာထုတ်ပြကာ
စနေတာမို့ မင်းရဲခေါင်လည်း မမောနိုင်
မပန်းနိုင် လိုက်ဖမ်းနေမိတော့သည်။" ဟိတ် မိပြီကွ "
မင်းရဲခေါင်သည် သူယောင်မယ်အား
အနောက်နေ မလွှတ်တမ်းသိုင်းဖက်
ထားသည်။ ဒါတောင် အကောင်ပေါက်
လေးက မရမက ရုန်းနေတာမို့ မနည်း
ချုပ်ထားရသည်။ဘယ်လောက် ဆိုးလိုက်တဲ့ကလေးလည်း။
" ကိုကိုနော် လွှတ် "
" ဘာလွှတ်လည်း မင်းကြောင့် ကိုယ်မောနေပြီ
သိရဲလား "" မောရင်လွှတ်ပေးတော့လေ "
" ဘာလို့လွှတ်ပေးရမှာလဲ ဒါလေးက
အမောပြေသကြားလုံးလေး အစိမ်းလိုက်
စားလို့ရတယ် "" ဟွန့် နှာဘူးကြီး "
" ဒီက နှာဘူးကြီးက ဘယ်သူ့ယောကျာ်းလဲ
ဖြေလေ မဖြေတော့ဘူးဆိုတော့ အစိမ်းလိုက်
စားရတော့မှာပေါ့ "မင်းရဲခေါင်သည် သူယောင်မယ် ကိုယ်လုံးလေး
အား ဆိုဖာပေါ် အသာလေးလှဲချကာ
သူ့လက်တစ်ဖက်ဖြင့် ထိန်းထားသေး
သည်။ အကောင်ပေါက်လေး၏ နီရဲသော
နှုတ်ခမ်းတစ်စုံအား ဖိကပ်နမ်းလိုက်ကာ
လက်ဖဝါးလေးကို အသာလေး ဆုပ်ကိုင်
ထားသည်။" အဟွတ် အာ မဟုတ်ပါဘူးဗျာ
ဘာမှမမြင်ရပါဘူးဗျာ "မင်းခန့်က အထုပ်ပေါင်များစွာဆွဲကာ
အခန်းဝမှာ တောင့်တောင့်ကြီးရပ်ပြီး
မျက်လုံးပါ မှိတ်ထားသေးသည်။မင်းရဲခေါင်လည်း သူယောင်မယ်ကို
အသာလေးလွှတ်ပေးကာ ကပိုကရို
ကျနေသော ဆံပင်လေးတွေအား
သပ်တင်ပေးလိုက်သည်။ အကောက်ပေါက်
လေးသည် မလုံမလဲဖြင့် ဂါဝန်ကို
ဟိုဆွဲဒီဆွဲနှင့် အလုပ်ရှုပ်နေရှာသည်။ဒီလောက်ချစ်စရာကောင်းသော အကောင်
ပေါက်လေးအား မင်းရဲခေါင် နှလုံးသား
ထဲမှာ ထာဝရသိမ်းထားချင်သည်။
ဘယ်သူမှ မမြင်နိုင်အောင် ရင်ခွင်ထဲမှာ
ဝှက်ထားချင်သည်။
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "