ရမ္မက်နွံ
Part 21
" ကိုချမ်း စိတ်တိုင်းကျရဲ့လား "
သူယောင်မယ်သည် စတူရီယိုထဲက
ထွက်ထွက်ချင်း အားမလိုအားမရ
နဲ့ မေးလာတာဖြစ်သည်။ သူယောင်မယ်
၏ ပထမဆုံး ကာဗာသီချင်းဖြစ်ပြီး
ပထမဆုံး သော သီဆိုခြင်းပင်။" သဘောကျပဗျာ နောက်ဆို
မသူယောင်မယ် ကိုယ်ပိုင်သီချင်းတွေကို
သီဆိုသင့်တယ် မသူယောင်မယ်ရဲ့
အသံက အများနဲ့မတူပဲ တစ်မျိုးလေး
ထူးခြားတယ် ကြည်ပြီးနားထောင်လို့
ကောင်းတယ်ဗျ "" ကျေးဇူးပါ ကိုချမ်း ဒါနဲ့ ဘယ်နေ့လောက်
ရမလဲဟင်"" ဒီရက်ပိုင်း အလုပ်များနေတာ
ဆိုတော့ ၁ပတ်လောက်နေရင် ရမယ်
ခင်ဗျ ကိုမင်းရဲခေါင် ကလည်း အမြန်
ရချင်တယ်ဆိုတော့ မြန်မြန်လုပ်ပေးမှာပါ "" ကျေးဇူးနော် ဒါနဲ့ မယ့်အမျိုးသား
ဘယ်သွားလဲဟင် "" ကိုမင်းရဲခေါင်လား အပြင်ခဏ
ထွက်သွားတယ် ခဏနေ ပြန်လာ
မယ်ထင်တယ် ကျွန်တော်ရေး
ထားတဲ့ သီချင်းတွေလည်း ရှိတယ်
ဖတ်ကြည့်ရင်း စောင့် နေလိုက်လေ "" ဟုတ်အကို "
သူယောင်မယ် သည် သီချင်းစာအုပ်
ဖတ်နေသော်ငြား စိတ်ထဲကမပါ။
မင်းရဲခေါင် ပြန်လာမဲ့လမ်းကိုပဲ
မျှော်နေမိသည်။ တစ်ယောက်ထဲပစ်ထား
ခဲ့၍လည်း စိတ်တိုမိသည်။_
_
_
_
_
_
_
မင်းရဲခေါင်သည် စတူရီယိုမှာ ထိုင်နေရင်း
ဘေဘီ ဗိုက်ဆာမည်စိုး၍ အပြင်ကို
ထွက်ကာ တစ်ခုခု ဝယ်ရအောင်
အမြန်စီစဥ်ရသည်။ လူကသာ စတိုးဆိုင်
ထဲမှာ ရောက်နေပေမဲ့ စိတ်ကတော့
စတူရီယိုမှာ ကျန်ခဲ့သည် ဘေဘီ့ ဆီမှာပင်။" ဒါယူမယ်နော် အကုန် ဘယ်လောက်ကျလဲ "
" အာလူးကြော်က ၅၀၀၀
Royal D က ၂ဗူး ၂၀၀၀
ကိတ်မုန့်က ၅၀၀၀နဲ့ပဲနို့က ၁၅၀၀
ပေါင်း ၁၃၅၀၀ အကို "" ကတ်နဲ့ ရှင်းမယ်နော် "
မင်းရဲခေါင်သည် black card အား
ပေးလိုက်ကာ ငွေရှင်းလိုက်သည်။
ကားဆီသို့ အမြန်ပြေးကာ ဘေဘီ့
ဆီကို အမြန်မောင်းလာခဲ့သည်။
ခုချိန်ဆို ဘေဘီက သူ့ကို စိတ်ပူနေမှာ
သေချာသည်။
KAMU SEDANG MEMBACA
ရမ္မက်နွံ
Romansa" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "