part 6(U&Z)

10.9K 230 5
                                    

ရမ္မက်နွံ

Part 6

ခေါင်လည်း အသိမိတ်ဆွေများကို သူပိုင်တဲ့
MYK hotel မှာပဲ ဧည့်ခံလိုက်သည်။
မင်းခန့်ကိုပဲ အားလုံး စီစဥ်ခိုင်းကာ ပြန်လာ
ခဲ့သည်။ ဦးလှမင်းကလည်း ခေါင်နဲ့ပါလာသည်။
အိမ်မှာက မိန်းကလေးတွေ ကြည့်ပဲ ဖြစ်တာမို့
စိတ်မချတာလည်း ပါသည်။ အိမ်ကိုရောက်တော့
တံခါးတွေစေ့ကာ မီးတွေလည်း ပိတ်ထားသည်။

" ဦးမင်း သော့အပိုပါတယ်မလား "

" ပါတယ်အကိုလေး ဦးမင်းဆင်းဖွင့်လိုက်မယ် "

" ဖွင့်စမ်းပါဗျာ "

အိမ်ကလည်း မဲမှောင်နေတာမို့ အိပ်ကုန်ကြပြီလို့ပဲ
ခေါင်တွေးလိုက်သည်။ ဖုန်း flash မီးကိုဖွင့်ကာ
အိမ်ထဲကို ဝင်လာခဲ့သည်။

" ဦးမင်း ခြံတံခါးတွေကို သေချာပိတ်ပြီး မှအိပ်အုံးနော်"

" ဟုတ်ကဲ့ပါ အကိုလေး "

ဦးမင်းက သူ၏ လက်သုံးတော် နှစ်ထောင့်ထိုး
ဓာတ်မီးကြီးကိုယူကာ ခြံထဲကို ဆင်းသွား
လေသည်။ ခေါင်လည်း မင်္ဂလာ အိပ်ခန်းကိုသာ
တန်းလျှောက်လာခဲ့လိုက်သည်။ အခန်းမီးတွေကို
ဦးဆုံးဖွင့်လိုက်ပေမဲ့ အခန်းထဲမှာ သူမရှိမနေပါ။
ခေါင်တစ်ယောက် ပြာယာခတ်သွားခဲ့သည်။

" ဒီချိန်ကြီး ဘယ်သွားတာပါလိမ့် "

အခန်းထဲကို ဝင်ကာသေလျာရှာကြည့်သည် ။
မတွေ့ ။ ရေချိုးခန်းရော စာကြည့်ခန်းပါ
ရှာကြည့်တော့လည်း မတွေ့ချေ။

" မဟုတ်သေးပါဘူး သားသား အခန်းမှာများလား "

ခေါင်သည် နှစ်ခန်းကျော်မှာ ရှိသည့် သားသား
အခန်းကို လာခဲ့လိုက်သည်။ ထင်သည့်အတိုင်းပင်
သူယောင်မယ်သည် သားသားဘေးမှာ ခွေခွေလေး
အိပ်နေရှာသည်။ ပန်းနုရောင် ပိုးသားညဝတ်အင်္ကျီ
လေးနှင့် သူယောင်မယ်သည် နတ်သမီးတမျှ
လှနေလေသည်။

မင်းရဲခေါင်သည် သူယောင်မယ်၏ ပုခုံးအား
ခပ်ဖွဖွလေး ပုတ်နှိုးလိုက်သည်။

" ဟိတ် ဟိတ် "

မိန်းမကျမ်းကျေနေသော မင်းရဲခေါင်သည်
သူယောင်မယ်နှင့် ကျမှတို့ရထိရမှာ  ကြောက်သလို
ဖြစ်နေရှာသည်။ မင်းရဲခေါင်သည် သူယောင်မယ်အား
အသာလေး ပွေ့ချီကာ အခန်းထဲမှ ထွက်လာခဲ့သည်။

ရမ္မက်နွံWhere stories live. Discover now