ရမ္မက်နွံ
Part 26
" ကိုကို "
ကျယ်လောင်သော ခေါ်သံများကို မင်းရဲခေါင်
ဆက်တိုက်ကြားနေရသည်။ သူ့ခေါင်းတွေ
မူးဝေနေပြီ။ဘေဘီ ဒါဘေဘီ အသံ
" ကိုကို ကိုကိုပြောတော့ ဘာမှမဖြစ်ပါဘူးဆို
ကိုကိုအားတင်းထားနော် ကိုကို့ကို မယ်ရအောင်
ကယ်မယ် "ဘေဘီ ငိုနေတယ် မငိုပါနဲ့ ဘေဘီမငိုပါနဲ့။
မင်းငိုရင် ကိုယ်မခံစားနိုင်ဘူး မင်းမျက်နှာ
တစ်ချက် ပျက်မှာကို ကိုယ်သေရမှာထက်
ပိုပြီးကြောက်ရွံနေမိတယ် ။" ကိုကို့ကို ဆေးရုံပို့ပေးကြပါ ကိုကို့ကို
ကယ်ပေးကြပါ ကိုကို ကိုကို အာ့လိုကြီး
ငြိမ်မနေပါနဲ့ ကိုကို မယ်ခေါ်နေတယ်လေ
အရင်လိုပြန်ထူးပါအုံး "ဘေဘီ မငိုပါနဲ့ ကျေးဇူးပြုပြီးမငိုပါနဲ့။
ကိုကိုမင်းကို ဘယ်တော့မှ ထားသွားမှာ
မဟုတ်ဖူး ကိုကိုမင်းနဲ့ အမြဲတမ်းရှိနေမှာ" ဆေးရုံကား လာနေပြီ "
မင်းရဲခေါင် ကြားလိုက်ရသော နောက်ဆုံး
စကားဖြစ်သည်။ ဘေဘီ့ရဲ့ ငိုသံတွေကိုလည်း
သူမကြားနိုင်တော့ပြီ။ဘေဘီရဲ့ ကိုကိုလို့ ခေါ်သံလေးတွေကိုလည်း
သူမထူးနိုင်တော့ပြီ။_
_
_
_
_
_
_
" လူနာက သွေးထွက်လွန်ထားတော့
အားနည်းနေသေးတယ် သိပ်မကြာခင်
သတိရလာပါလိမ့်မယ် "" ကျေးဇူးပါပဲ ဒေါက်တာ "
မယ် ကိုကို့မျက်နှာလေးကို ကြည့်လိုက်သည်။
ကိုကိုမျက်နှာလေး နွမ်းနေပြီး အနည်းငယ်
ဖြူနေသည်။ကိုကို့ ခန္ဓာကိုယ်မှာ ဆေးပိုက်တွေကလည်း
ရှုပ်ယှက်ခတ်နေသည်။ကျည်ဆန် က အစာအိမ်ကိုမထိပဲ သီသီလေး
လွဲသွားတာမို့ ကိုကိုမသေတာဟု ဆရာဝန်က
ပြောထားသည်။" ကိုကို သိလား ကိုကိုမရှိတော့ဘူး
ဆိုတဲ့ အတွေးနဲ့တင် မယ်ရူးသွား
နိုင်တယ် ကိုကိုရယ် အမြန်သတိရလာ
ပါတော့ "
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "