ရမ္မက်နွံ
Part 23
သူယောင်မယ်သည် အဲရစ်ဆီ viedo
Call ခေါ်ရန် အိပ်ခန်းထဲသို့ ပြန်လာ
ခဲ့သည်။" Hello အမ "
" သားသားက အပြင်မှာ ဆော့နေတယ်
ခေါ်ပေးရမလား မသူယောင်မယ် "" ရပါတယ် မအဲရစ် သားအဆင်ပြေတယ်
ဆိုရင် မယ်ကျေနပ်ပါပြီ အရင်ကလို ငိုသေး
လားဟင် "" တစ်ခါတစ်လေတော့လည်း ငိုတယ်
ခုတော့ နေသားကျသွားပြီ ထင်ပါရဲ့
အရင်ကလောက် မငိုတော့ဘူး ဒါနဲ့
ရှင်တို့ရော အဆင်ပြေကြရဲ့လား "" ဟုတ် မယ်တို့က အဆင်ပြေပါတယ်
သားသားကို ဂရုစိုက်ပေးတဲ့အတွက်
ကျေးဇူးပဲနော် မအဲရစ် "" ရပါတယ် အမျိုးသားကလည်း နေရဲမာန်
လေးကို ချစ်တယ်လေ ပြဿနာမရှိပါဘူး"" ဒါဆို နောက်မှပဲ ပြန်ခေါ်လိုက်တော့မယ်ရှင့်
ကောင်းသော နေ့ပါ မအဲရစ် "" ကောင်းသောနေ့ပါ သူယောင်မယ် "
နေရဲမာန် မျက်နှာကို မမြင်ရပေမဲ့ အဆင်ပြေတယ်
ဆိုတဲ့ အသံကြားတော့ အတော်လေး ဝမ်းသာ
ရသည်။မိသားစုသုံးယောက် အတူတွဲရိုက်ထားသော
ဓာတ်ပုံကို မြင်လျှင် သူယောင်မယ် အလိုလို
ငိုမိသည်။မင်းရဲခေါင်က သူမအတွက် ဘဝကြီးဟုဆိုနိုင်
သလို နေရဲမာန်ကလည်း သူမဘဝအတွက်
မရှိမဖြစ်ပင်။_
_
_
_
_
_
_
" မင်းခန့် အဲ့စာရင်းတွေ ပြီးရင် ဂိုထောင်ကို
ခဏသွားကြည့်ပေးပါအုံး ဒီနေ့ ပစ္စည်းအသစ်တွေ
ရောက်မယ်တဲ့ "" ဟုတ်ကဲ့ ဘောစ့် "
မင်းရဲခေါင် တစ်ယောက် ကုန်တိုက်က
ပစ္စည်းတွေအတွက် အလုပ်ရှုပ်နေတာ
ဖြစ်သည်။ စျေးကွက်ထဲမှာလည်း နံမည်
ရနေပြီးသားမို့ အလွဲလွဲအချော်ချော်တွေ
ဖြစ်မှာ မင်းရဲခေါင် စိတ်ပူသည်။" hello ကိုချမ်းမြေ့ "
" မသူယောင်မယ်ရဲ့ မင်းအချစ်တွေနဲ့
သီချင်းကာဗာ ရပါပြီလို့ အကြောင်းကြား
တာပါ mail ကနေ ပို့ပေးလို့ ရလား "
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "