part 11(U&Z)

8.1K 160 2
                                    

ရမ္မက်နွံ

Part 11

မင်းရဲခေါင်သည် ဘာစကားမှမပြောပဲ
ညရဲ့အလှတရားကို ခံစားနေခဲ့သည်။
စိတ်ထွက်ပေါက် အဖော်ဖြစ်သည့်
ဆေးလိပ်ကိုသာ သောက်နေလိုက်သည်။
ဆေးလိပ်သောက်နေရရင် သူ့အတွက်
အနည်းငယ် စိတ်သက်သာတာမျိုး
ဖြစ်စေသည်။

" မင်းကို ကိုယ်ဘယ်လိုပြောပြရမလဲကွာ "

ကောင်းကင်တွင် လမင်းကြီးကသာလျက်
ရှိလေသည်။ သူယောင်မယ်လည်း အိပ်လို့
မရတာမို့ အခန်းပြင်ကို ထွက်လာခဲ့သည်။
ဝရံတာဘက်ကဆေးလိပ်နံ့ရတာမို့ သူရှိနေသေး
တယ်ဆိုတာ သူမသိလိုက်သည်။

" ဒီလူတော့ ကြာရင် သေတော့မှာပဲ "

သူယောင်မယ်သည် ရှေ့တိုးရခက် နောက်ဆုတ်ရ
ခက်နဲ့ တံခါးဝမှာ ရပ်နေမိသည်။ ထိုလူ့ဆီက
ဖုန်းမြည်သံကြားလိုက်တာမို့ အသာလေး
ငြိမ်ပြီး နားထောင်နေလိုက်သည်။

" ဟယ်လို ရာဇာ "

" မင်းပြောတဲ့နေရာကို ငါတို့ရောက်ခဲ့တယ်ခေါင်
အိမ်စီးကားနဲ့အပြည့်သယ်လာတဲ့ အဖြူပြားတွေ
မိတယ် WYတွေရောပဲ "

" သက်သေရော တွေ့လား
ဦးမိုးမြင့်နဲ့ ပတ်သတ်တာရော တွေ့လား ရာဇာ "

" ဖမ်းမိထားတဲ့ လူတွေက ဘာမှမေးလို့မရဘူးကွာ
မပတ်သတ်ဖူးလို့ပဲ ငြင်းနေတယ် "

" သူတို့ငြင်းလည်း ငါသက်သေရအောင် ရှာပေးမယ်
ရာဇာ ဦးမိုးမြင့် ရဲ့ အနီးကပ်လူကို ငါတွေ့
ထားတယ် '

" ဘယ်သူများလဲ ခေါင် "

" မင်းသိလာရမှာပါကွာ ခဏလေးပဲစောင့်"

" မင်းလည်း ဂရုစိုက်အုံးခေါင် ဆေးလိပ်တွေပဲ
သောက်မနေနဲ့ ကိုယ့်ကိုကိုလည်း ဂရုစိုက်အုံး "

" အေး ဒါပဲ ရာဇာ "

မင်းရဲခေါင် ပြောသမျှကို ကြားနေရသော
သူယောင်မယ် နားမရှင်းပါ။ မင်းရဲခေါင်
ကတော့ ဆေးလိပ်ပဲ ဆက်သောက်နေတာမို့
သူမရှိနေတာ ရိပ်မိမည် မထင်။

" ဦးမိုးမြင့်နဲ့ ရာဇာဆိုတဲ့လူက ဘယ်လို
ပတ်သတ်နေတာလဲ သက်သေဆိုတာ
ကရော ဘာလည်း "

ရမ္မက်နွံWhere stories live. Discover now