part 17 (U&Z)

6.9K 150 4
                                    

ရမ္မက်နွံ

Part 17

မင်းရဲခေါင်နဲ့ သူယောင်မယ်သည်နေရာ
တော်တော်များများကို လျောက်လည်ဖြစ်
ကြသည်။ အိမ်ထောက်သည်ဘဝကို
တန်းရောက်ခဲ့တာမို့ သူမကို ရည်းစား
ဘဝ အနှစ်သာရကို ခံစားစေချင်သူက
မင်းရဲခေါင်ပင်။ မင်းရဲခေါင်သည် သူယောင်မယ်
အား ရင်ကွဲမတတ် ပြောမပြတတ်အောင်
မြတ်နိုးကာ တွယ်တာ မိနေလေပြီ။

" ဘေဘီ "

မင်းရဲခေါင်စကားကြောင့် သူယောင်မယ်က
အအေးခွက်ကို ခဏချကာ ဘာလဲဆိုပြီး
မေးငေါ့လာသည်။

" ကိုကို့ကို ချစ်လား "

သူယောင်မယ် ထဲမှ ဘာစကားမှ ထွက်မလာ
တော့ပေ။ မင်းရဲခေါင်မှာ ရက်ထဲတွင်
ပူစပ်ပူလောင် ဖြစ်သွားသော်လည်း
သူယောင်မယ်အား ခပ်နောက်နောက်ဖြင့်
ပြုံးပြလိုက်မိသည်။

" ဘေဘီကလည်း ကိုကိုက စတာပါ
ဘေဘီမချစ်လည်း "

" ဟင့်အင်း မယ်ရှင့်ကိုသဘောကျတယ်
မင်းရဲခေါင်  "

" ဘေဘီ ဘာပြောလိုက်တာလဲဟင် "

မင်းရဲခေါင်သည် သူယောင်မယ်၏ လက်ကလေး
များအား မလွှတိတမ်း ဖမ်းဆုတ်ထားမိသည်။
ကလေးငယ်ဟာ ရှက်လွန်းသဖြင့် မျက်နှာများ
နီရဲနေသည်ကိုလည်း မင်းရဲခေါင် သတိထား
မိသည်။

တကယ်ပါ သူယောင်မယ်က မင်းရဲခေါင်
အတွက် တွယ်ငြိရာလေးပင်။

" မယ် ရှင့်ကိုချစ်တယ် မင်းရဲခေါင် "

" ဘေဘီကလည်း ချစ်တယ်ဆိုပြီး မင်းရဲခေါင်တဲ့
ကိုကိုလို့ခေါ်ကွာ "

ရှက်လွန်းလို့ ခေါင်းလေး ငုံ့နေသော အကောင်
ပေါက်လေးက ချစ်စရာအတိပင်။

" ကို ကို "

" ဘေဘီက လိမ္မာလိုက်တာကွာ ကိုကိုလို့
တစ်ခါခေါ်ရင်လေဘေဘီ လိုချင်သမျှ အားလုံးကို
ဝယ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီ ဘေဘီရာ
ချစ်ရတဲ့ ကိုကို့ အကောင်ပေါက်လေး "

မင်းရဲခေါင် သဘောခွေ့ကာ ပြုံးနေတာကို
မြင်ရတော့ သူယောင်မယ် ပျော်ရသည်။
သူယောင်မယ်ဘဝအတွက် အနှစ်သာရ
ရှိသော အပြုံးမျိုးကို မင်းရဲခေါင်ဆိုသော
လူသားနဲ့မှ တွေ့ရှိခဲ့သည်။ အချစ်ဆိုတာ
ဘာလဲလို့မေးရင်ဖြင့် သူယောင်မယ်သည်
မင်းရဲခေါင်ကိုသာ လက်ညိုးထိုးပြမှာ
ဧကန်မလွဲပင်။

ရမ္မက်နွံWhere stories live. Discover now