ရမ္မက်နွံ
Part 15
ပိတ်ထားသော တံခါးအား မင်းရဲခေါင်မှာ တဝုန်းဝုန်း
တွန်းဖွင့်နေခဲ့သည်။ တံခါးလေးကတော့ ခုချိန်ထိ
ဖွင့်သူ မဲ့နေစဲ။ အရေးထဲ ဖုန်းခေါ်လာသည့် မင်းခန့်
ကြောင့် ဒေါသက အတော်ကို ထွက်သွားရသည်။
မင်းရဲခေါင်ဘဝမှာ သူယောင်မယ်က အရေးကြီးဆုံး။" ဘာလဲကွာ "
" ဧကရီက ဘော့စ်နဲ့စကားပြောချင်ပါတယ်တဲ့ "
" ဒီမိန်းမက ဘာတွေ အတွန့်တက်နေသေးတာလဲကွာ
ဖုန်းပေးလိုက် "မင်းရဲခေါင်မှာ သူယောင်မယ်ကို ချော့ရအုံးမည်မို့
စိတ်က မရှည်ချင်ပေ။ ဧကရီ ဆိုတဲ့မိန်းမကလည်း
တကယ့်ကို ငရှုပ်မ။" ကိုမင်းရဲခေါင်နဲ့မှ တွဲမရိုက်ရရင် ဧကရီ
Ambassador အဖြစ်က နှုတ်ထွက်မယ် "" ဟုတ်ပြီ မနက်ဖြန်မှပဲ မင်းကိုအကြောင်းမယ်
ဖြစ်လား "" အိုကေလေ "
မင်းရဲခေါင်သည် မိမိ၏ လက်ကိုင်ဖုန်းအား
နံရံသို့ ပစ်ပေါက်လိုက်သည်။" မင်းကတကယ့်ကို အမှိုက်ပဲ ဧကရီ
လေတိုက်လို့ အမြင့်ကိုရောက်နေတဲ့
အမှိုက် "မင်းရဲခေါင်သည် ဆံပင်ကို သပ်တင်ကာ
တံခါးဝကို ကျောပေးနေလိုက်သည်။သူဘာလို့ မစဥ်းစားမိပါလိမ့် ။ ဒီအခန်းမှာ
သော့ပိုတွေ ရှိနေတာပဲ။" သော့ပိုတွေ ဟုတ်တယ် သော့ပို "
မင်းရဲခေါင်သည် အိမ်တော်ထိန်း ဒေါ်သန်း
ရှိရာကို အမြန်ပြေးကာ သော့ပိုကို မရမက
တောင်းလေတော့သည်။" သော့ပိုတွေက အပေါ်ထပ်က ဘုရားခန်းထဲမှာ
အကိုလေး "မင်းရဲခေါင်မှာ ဘာစကားမှ ပြန်မပြောနိုင်ပဲ
ဘုရားခန်းဆီကို ပြေးတော့သည်။ ဘုရားခန်းက
စားပွဲခုံ အန်ကို ဖွင့်ကြည့်လိုက်မှ သော့တွဲအားလုံး
ကို တွေ့လေတော့သည်။" မင်းကို ကိုယ်ချစ်တယ် ဘေဘီ "
မင်းရဲခေါင်သည် သော့ပိုဖြင့် အခန်းတံခါးကို
ဖွင့်လိုက်သည်။ သို့ပေမဲ့ အခန်းတွင်းမှာ
သူယောင်မယ် ရှိမနေခဲ့ပါ။
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "