ရမ္မက်နွံ
Part 22
" ကိုကို ဒီနေ့ ဘုရားသွားကြမလားဟင် "
သူယောင်မယ်သည် ရေချိုးခန်းထဲက
ထွက်လာသော မင်းရဲခေါင်အား
အင်္ကျီ ထုတ်ပေးရင်း မေးလိုက်တာ
ဖြစ်သည်။" ဘာဖြစ်လို့လဲ ဘေဘီရဲ့ "
မင်းရဲခေါင်သည် ရေစိုနေသော ဆံပင်
များအား ခါရမ်းလိုက်ရင်း သူ့အမျိုးသမီး
အား သဘောကျစွာ ကြည့်လိုက်သည်။" ဒီတိုင်း ဘုရားသွားချင်လို့ "
" ဒီနေ့ ကိုကိုစာရင်းစစ်စရာတွေ
ရှိသေးတယ်လေကွာ ဘေဘီက
အိမ်မှာနေခဲ့ သားသားနဲ့ Viedo
Call ပြောကြလေနော် "" မရပါဘူး သားသားနဲ့ viedo
Call ပြောလဲ ကိုကိုမှမရှိတာ
ကိုကို မရှိရင် မပြောချင်ဘူး "" ဘေဘီကလည်း မဆိုးရဘူးလေကွာ
ကိုကို့အလုပ်က တကယ်အရေးကြီး
နေလို့ပါ "" ကိုကို့ စာရင်းဇယားတွေက ဘေဘီ
ထက် အရေးကြီးတာလား ရတယ်လေ
တစ်ယောက်တည်းပဲ သွားမယ် "သူယောင်မယ်သည် ချက်ချင်းပဲ အခန်း
ထဲက ပြေးထွက်သွားသည်။ မင်းရဲခေါင်
လည်း အင်္ကျီကို ဖြစ်သလို ဝတ်ကာ
မိန်းမနောက်ကို ပြေးလိုက်ရလေတော့သည်။" ဘေဘီ ကလည်းကွာ "
" ရှင်လိုက်မလာနဲနော် လုံးဝလိုက်မလာ
ခဲ့နဲ့ "မင်းရဲခေါင်သည် သူယောင်မယ်၏
လက်သေးသေးလေးအား မိအောင်
ဖမ်းကာ ဆုပ်ကိုင်ထား လိုက်သည်။" ရှင်လွှတ်နော် ကျွန်မဘာသာသွားမလို့ "
" ဘေဘီ့ကို ကိုကို မပါပဲ ဘယ်မှ သွားခွင့်
မပြုနိုင်ဘူးကွာ လွှတ်လည်းမပေးနိုင်ဘူး "" ရှင့်ရဲ့ စာရင်းဇယားတွေက ကျွန်မ
ထက် အရေးကြီးတယ်မလား အဲ့ စာရင်း
တွေ သွားလုပ်လေ အဲ့စာရင်းတွေနဲ့ပဲ အိပ် "" မဟုတ်တာ ဘေဘီရာ ဘေဘီကသာ
ကိုကို့ဘဝရဲ့ အရေးကြီးဆုံး ကိုကိုခုလို
အလုပ်တွေ လုပ်နေတာကလည်း ဘေဘီ
အတွက်ပဲလေ ပြီးတော့ အဲ့စာရင်းဇယား
တွေနဲ့ မလုပ်ချင်ပါဘူး ဘေဘီနဲ့ပဲ
လုပ်ချင်တာ ဘေဘီနဲ့ပဲ အိပ်မှာ "
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "