ရမ္မက်နွံ
Part 12
ဒီနေ့ သားသားလေးရဲမွေးနေ့ဖြစ်လေသည်။
မင်းရဲခေါင်ဆိုတဲ့လူက ပန်းခြံလိုက်ပို့မယ်ပြောပြီး
ရောက်မလာတာကြောင့် သူယောင်မယ်မှာ
အလကားနေရင်း စိတ်တိုနေရသည်။" အလကားလူ ဘယ်မှာသွားပြီး အလေလိုက်
နေလည်း မသိဘူး "သူယောင်မယ်သည် လက်ကိုင်ဖုန်းကိုယူကာ
ကျက်သရေတုံးဟု မှတ်သားထားသော
ဖုန်းနံပါတ်ကို ခေါ်ဖို့ ပြင်လိုက်သည်။" ခေါ်စရာလား မိန်းမစျေးကျတယ် "
သူယောင်မယ်သည် ဆိုဖာခုံပေါ်မှာ ခြေမငြိမ်လက်မငြိမ်
နဲ့ ထိုင်လိုက်ထလိုက်ဖြစ်နေခဲ့သည်။ ဖုန်းခေါ်ရင်
ကောင်းမလား ဟု စဥ်းစားရင်းနဲ့ပဲ သို့လော သို့လော
ဖြစ်နေရသည်။" မားမား ပါးပါးရောဟင် "
" ခဏလေးပါကွယ် အလုပ်ရှုပ်နေလို့နေမှာပါ
ကြီးသန်းရေ မမြင့်ကိုတွေ့မိသေးလား "သူယောင်မယ်သည် ခြံထဲက ပန်းပင်တွေကို
ပေါင်းထိုးနေသော ဒေါ်သန်းအားလှမ်းမေး
လိုက်သည်။" နောက်ဖေးမှာ ထင်တယ် မမြကိုကူနေတာ
ဖြစ်မယ် "" ဟုတ် ကြီးသန်း "
ဦးမင်းလှကတော့ မင်းရဲခေါင်ခေါ်သွားတာမို့
အိမ်မှာ ရှိမနေခဲ့ပါ။ သူယောင်မယ် မှာ
စိတ်တွေ တအားတိုကာ ဒေါသတွေလည်း
အရမ်းထွက်နေတော့သည်။" အလကားလူ ကတိမတည်တဲ့ မင်းရဲခေါင်
အစုတ်ပလုပ် "သူယောင်မယ်သည် မင်းရဲခေါင်အား အားရ
ပါးရ ဆဲရေးကာ နောက်ဖေးသို့ ထွက်လာ
ခဲ့သည်။ နောက်ဖေး မီးဖိုချောင်မှာတော့
မမြင့်က ဒေါ်မြကို ကူညီပေးနေတာတွေ့ရသည်။" မမြင့်ရေ သားသားကို ခဏကြည့်ထား
ပေးပါအုံး "" မမလေး အပြင်သွားတော့မလို့လား
အကိုလေးကိုရော မစောင့်တော့ဘူးလား "" သူ့ကို စောင့်နေရတာ ကြာနေပြီ ရာသီ
ဥတုက ပူတော့ ရေပြန်ချိုးမလားလို့ "" ဟုတ်တယ်နော် မမလေး မျက်နှာမှာ
ချွေးသီးတွေစို့နေပြီ "" ခဏကြည့်ထားပေးနော် ကြီးမြ ရတယ်မဟုတ်လား "
YOU ARE READING
ရမ္မက်နွံ
Romance" ဆေးလိပ်သောက်ရတာ ရှင်သိပ်သဘောကျပုံပဲ " " မင်းနှုတ်ခမ်းတွေကို နမ်းရတာပိုသဘောကျတယ် ဆိုရင် မင်းယုံမှာလား "