30

1.6K 122 18
                                    

Unicode



ညနေစောင်းခါနီးအချိန်မှာ စွဲ..အဖွားနှင့် အတူအဖော်ပြုနေတုန်း အိမ်အကူအန်တီက ခြံရှေ့မှာ လူငယ်တယောက်က စွဲကိုခေါ်နေသည်ဟုဆိုသောကြောင့် ညို့ ရောက်လာပြီမှန်း
သူသိလိုက်သည် ။ ဒါကြောင့်
သူခြံရှေ့ကိုထွက်လာခဲ့‌တော့ အသေအချာပင်
စွဲညို့သက္ကနိုင် ။ ခြံရှေ့ကနေ အရိပ်ရနေသည့်ခပ်လှမ်းလှမ်းက သပြေပင်ကြီးအောက်ကိုသူဦးဆောင်ပြီး သွားမိသည် ။ ဦးဧကရာဇ်သာ သိလျှင် စွဲညို့ကို သတ်ပစ်လောက်တယ် ။ စွဲညို့လာတာသိပြီးသားမို့ ဘာမှမဖြစ်ပေမယ့် ဦးဧက စာကြည့်ခန်းထဲမှာ အလုပ်ကိစ္စ ဆွေးနွေးနေတာကြောင့် တယောက်တည်းထွက်လာတာဖြစ်သည် ။

“ စွဲ...စွဲ ..”

စွဲလမ်းနိုင်သွားသည်ကိုမြင်သည်နှင့် ညို့ဟာ ချက်ချင်း စွဲရှိရာသ‌ပြေပင်အောက်သို့ မပြေးရုံတမယ်လာ၍ လက်ကို ဆုပ်ကိုင်လာ၏ ။
ပြီးတော့ ‌‌သူ့မျက်ဝန်းတွေပြိုတော့မည့်မိုးလိုမျက်ဝန်းတွေ အကြည့်တွေပြေးလွှားနေသည်က စွဲရဲ့ကိုယ်မှာ မည်သည့်ဒဏ်ရာရှိသလဲစစ်ကြည့်နေသည့်နှယ် ။

လည်တိုင်ဖြူဖြူ‌မှ နီနီရဲရဲ အမှတ်များစွာကိုတွေ့တော့ချက်ချင်းပင် သူ့မျက်နှာက မှုန်မှိုင်းလာပြီး စွဲရဲ့ ရင်ဘတ်ကို ခေါင်းအနည်းငယ်ငုံ့ကာ မျက်နှာချင်းဆိုင်မှီချလိုက်သည် ။ သူရော‌စွဲရော ဘာစကားမှမပြောဖြစ် ။ စွဲရဲ့လက်ကိုဆုပ်ကိုင်ထားပြီး လွှတ်မပေးတာကြောင့် စွဲလမ်းနိုင်လဲ မရုန်းမိ ။ ငုံ့ကာ မှီချထားသည့်တိုင် မကြာခင်မှာပဲ ညို့ရဲ့ ရှိုက်သံတချို့ကို သူကြားလိုက်ရသည် ။ သူ့ကြောင့် စွဲလမ်းနိုင် စိတ်ဖိစီးစွာ သက်ပြင်းတချက်ချလိုက်ရသည် ။

စွဲညို့သက္ကနိုင်အားဒီကိုဖိတ်ခေါ်ခဲ့တာက စွဲဖြစ်တာကြောင့် သူ့မှာအပြစ်ရှိသလိုခံစားရသည် ။
ဒီတစ်ခါပဲ ..ဒီတခါပဲ နောက်ဆုံးတခါအဖြစ် မသိချင်ယောင်ဆောင်ပေးလိုက်မယ် ။

စွဲကျန်တဲ့လက်တဖက်ကို မြှောက်လိုက်ပီး ညို့ရဲ့ ကျောကို အသာလေး ပုတ်ပေးနေမိသည် ။ တခြားဘာစိတ်မှမပါ ပါဘူး ။ ဒီတိုင်း..အပြစ်မကင်းသလို ခံစားမိလို့ ။ သူချစ်တာ ဦးဧကရာဇ်ပဲရှိတယ် ။
ညို့ကိုတော့ ညီအကိုလို သူချစ်တယ် ။ သူ့ရဲ့အကိုပဲလေ ။ စွဲညို့သက္ကနိုင် ခနတာပဲစိတ်ကစားပြီး စွဲကိုစိတ်ဝင်စားမိတာဖြစ်မှာပါ...။

I'm Not D A D D Y's SonDonde viven las historias. Descúbrelo ahora