14

3.4K 422 70
                                    

Unicode

“ညို့ရေ စွဲညို့သက္က ”

စွဲလမ်းနိုင်တို့သုံးယောက်လုံး ညို့ အိမ်ရှေ့ရောက်နေကြသည်။
ဘာမှမပြောပဲပျောက်သွားတဲ့ ညို့ဟာဆိုရင် တစ်ခါမှ ပြန်မပေါ်လာပဲတစ်ကယ့်ကို ပျောက်ချက်သားကောင်းလွန်း၏။

“ မင်းတို့ စွဲညို့ကိုမြင်ဖူးလား”

“ဘယ်သိမှာလဲ ငါတို့အတန်းပြောင်းလာတော့
သူမရှိတော့ဘူးဆို ”

ပြန်ဖြေတာကတော့ထုံးစံအတိုင်း ဝေဟင်ကျော်ပေါ့ ။
မိုးယံသစ်ကတော့ သူ့သဘာဝအတိုင်းဘာသိဘာသာ။

“ သားတို့ဘယ်သူလဲ”

အသံကြောင့် ထိုအသံလာရာ ခြံဖက်ကို သုံးယောက်သားလှည့်ကြည့်လိုက်တော့ အန်တီကြီးတစ်ယောက် ။

“ ကျွန်တော် စွဲညို့သူငယ်ချင်းဗျ ။
ညို့နဲ့‌တွေ့ချင်လို့ ။ သူရှိလားမသိ ။ ”

“အော် ..သားရဲ့သူငယ်ချင်းတွေလား ။
ခဏလေးနော် အန်တီခေါ်ခိုင်းလိုက်မယ်”

သူမက ထိုသို့ပြောပြီး ဘေးနားက ခြံစောင့်ဦးလေးကြီးကို စွဲညို့ကိုခေါ်ဖို့အတွက် ပြောနေ၏ ။
ခြံစောင့်ဦးလေးကြီး အိမ်ထဲဝင်သွားမှ သူမက စွဲလမ်းနိုင်တို့ဖက်ကို ပြန်လှည့်လာသည် ။

“အထဲဝင်ကြဦး...သားတို့”

ပြောရင်းဆိုရင်းသူမက ခြံတံခါးလေးကိုအသာဖွင့်ပေးသည် ။

“နေ..နေ..အန်တီ ။ ကျွန်တော်တို့ စွဲညို့ကို ခဏပဲတွေ့ပြီး သွားစရာလေးရှိ‌သေးလို့ ။”

“ဟုတ်ပါပြီ ။ ဒါနဲ့ သားတို့က ကျောင်းမတူဘူးလား?
စွဲညို့က ‌အိမ်ပြန်ရောက်တာကြာပြီရယ် ။ ”

“ ကျွန်တော်တို့တက်တာက ရတနာသုခလမ်းက‌ ကျောင်းလေ ၊ ညို့လည်းလာတက်သေးတယ်
နောက်မှပြောင်းသွားတာ  ”

စွဲလမ်းနိုင်ပဲ စိတ်ထင်တာလားမသိ ။
ခုနကအထိ ပြုံးနေတဲ့ အန်တီ့မျက်နှာက တစ်ဖြည်းဖြည်း အရောင်ပြောင်းလာသည် ။

“ဒါဆိုသားက..စွဲလမ်း...”

“ စွဲ...ဘာလာလုပ်‌တာလဲ”

အန်တီရဲ့စကားမဆုံးသေးခင်
ညို့စကားသံထွက်လာတာကြောင့် ညို့ရှိရာဖက်သို့ ကြည့်လိုက်၏ ။

I'm Not D A D D Y's SonWhere stories live. Discover now