Unicode
ဇာတိမာန်ကို မရရအောင် ခေါ်လာပြီးနောက်
နှစ်ယောက်သားအတူနေခဲ့သည့် Condo ကို ချောချောချူချူပင်ရောက်သည် ။ တော်သေးသည်
ထိုသို့ ခြိမ်းခြောက်လိုက်မှ ၃ရက်ခန့် နေပေးမည်ဟု အဲ့ဒီလူကပြောလာသဖြင့် စွဲညို့ သက်ပြင်းချနိုင်တော့သည် ။"ရေသွားချိုးလေ ၊ ကျွန်တော် WiFi password ထည့်ပေးထားမယ် ။ "
" အင်း "
သူက ပြန်ဖြေခေါင်းငြိမ့်ရင်း အရင်နေတုန်းက သူ့အပိုင်ဖြစ်တဲ့ အခန်းထဲ ဝင်သွားတဲ့အထိ သူ့ကို စွဲညို့ ကြည့်နေမိ၏ ။ ၎င်းCondo မှာ အိပ်ခန်းနှစ်ခန်းရှိပြီး
ဧည့်ခန်းနှင့် kitchen ရှိကာ အတော်အသင့်ကျယ်ဝန်းပြီး ဝရံတာကျယ်ကျယ်ရှိကာ
သန့်ပြန့်သည့် အခန်းဖြစ်သည်။
သူခနတာအထိ sofaကိုမှီ၍လှဲနေလိုက်သည် ။အရင် အတူနေတည်းက အဲ့လူရဲ့ အရာအားလုံးကို သူ့ကိုယ်ပိုင်ပစ္စည်းလို အသုံးပြုခဲ့တာကြောင့် ၊ သူ့မှာ တုံ့ဆိုင်းမှုမရှိ ဖုန်းကိုကောက်ကိုင်လိုက်၏ ။
WiFi password ထည့်လိုက်သည်နှင့် messenger မှ စာတွေက တန်းစီပြီးဝင်လာပြီ ။ပေးပို့သူက တယောက်တည်း ...။
အေးချမ်းတဲ့ မျက်နှာထားရှိသည့် အမျိုးသမီးတယောက်ဖြစ်၏ ။
စွဲညို့ ပေါ်လာသည့်အဝိုင်းလေးကို နှိပ်ပြီးစာတွေဝင်ကြည့်လိုက်မိတော့..."ရီ့ကို ဧက လာခေါ်တယ် "
"ကို .. ကလေးတွေက စာသင်ရတာ
အဆင်ပြေပြီး လိမ္မာရေးခြားရှိပါတယ် ""ဧက,က သူ့သားလေးကို အတော်ချစ်တာပဲနော်
သူကမထင်ရဘူးပဲ"
သူမက အဲ့ဒီစာမှာတော့ ရယ်နေသည့် အီမိုဂျီလေးပါ
ထည့်ပေးပို့သည်က ချစ်စရာ ။"ရောက်ရင် ..ရီ့ကိုစာပို့ပါဦး "
" ရီ အိမ်ကိုပြန်ရောက်နေပြီ..ကို "
" အရမ်းမကြာနဲ့ဦးနော် ၊ ရီ... wedding dress
မရွေးရသေးဘူး ၊ ကိုလဲမရွေးရသေးဘူးမလား "နောက်ဆုံးစာကြောင်းကိုဖတ်ပြီးနောက်မှာတော့ ဖုန်းကို ပိတ်ကာ မသိစိတ်အရ ဆုတ်ကိုင်မိသွားသည် ။ အဲ့အမျိုးသမီးက ဦးဇာတိမာန် လက်ထပ်မည့် အမျိုးသမီးပင်ဖြစ်၏ ။

STAI LEGGENDO
I'm Not D A D D Y's Son
Storie d'amoreJust a Romance....🍀🍀 [ I'm not Daddy's Son, Just Daddy's Baby] [ DADDY × BABY ] / Burmese Character / / Age Gap / START - 24.Oct. 2020 END -