10

3.8K 436 34
                                    

Unicode

“ဘယ်ကားစီးရမှာလဲဟ ”

ကားဂိတ်ရောက်နေတာ ကျောင်းလွှတ်တည်းက ဖြစ်ပြီး သုံးယောက်လုံးတိတ်ဆိတ်ပြီး လာသမျှကား မည်သည်သည့်နေရာသို့ရောက်လဲ စူးစမ်းနေကြသည် ပြီးမှ
ဝေဟင်ကျော်က ‌စပြောလိုက်တာဖြစ်သည် ။

သုံးယောက်သား ကားဂိတ်မှာ ကြောင်တောင်တောင်လေး ဟိုကြည့်ဒီကြည့် ရပ်နေမိကြတာ ဆယ်မိနစ်ကျော်လောက်ရှိပြီ ။
သွားလာနေကြတဲ့လူတွေလည်း သူ့အလုပ်နှင့်သူရှုပ်နေကြသည် ။ ‌ကျောင်းလွှတ်‌ချိန်နှင့်တိုက်နေတာကြောင့် ကျောင်းသားတွေ ကားဂိတ်ရောက်နေတာ အထူးအဆန်းတော့မဟုတ် ။
ဝေဟင်ကျော်က မေးတော့ ဘေးက မိုးယံသစ်လည်းမနေနိုင်တော့ ။
သူလည်းစမေးလာသည် ။

“မင်းက ဘယ်သွားမှာလဲ ”

မေးပြီးမှ ‌မိုးယံသစ်နှင့်
ဝေဟင်ကျော်က သတိရသည် ။
မည်သည့် နေရာ သွားမည်လဲမမေးပဲ စွဲလမ်းနိုင်အနောက်ကို နှစ်ယောက်လုံး‌ ကောက်ကောက်ပါ ၊ နှစ်ခါခေါ်စရာမလိုအောင်
လိုက်လာတာဖြစ်သည် ။

“ ရတနာသီရီမွန်လမ်း ၊ ရွှေဆူးက အိမ်နံပါတ်၇၈ဆိုလား ”

“ကြာတယ်ကွာ Taxiစီးမယ် ”

ထိုသို့ပြောလိုက်တာကတော့ ‌ဝေဟင်ကျော် ။
သူ့စကားကြားတော့ စွဲလမ်းနိုင် သက်ပြင်းချပြီး
ဝေဟင်ကျော်ရဲ့ဘေးမှာ ရပ်နေရင်းမှ
ကုပ်ကုပ်လေး Busကားဂိတ်မှာ ထိုင်ချလိုက်မိ၏။

“ငါမုန့်ဖိုး တစ်ထောင်ပဲယူလာမိတာ ”

ဟုတ်သည် ။ ဦးဧ ၊ ကမုန့်ဖိုးတွေ အများကြီးပေးပေမယ့် စွဲလမ်းနိုင်က လိုသလောက်ပဲ ထုတ်ထုတ်သုံးတာဖြစ်လို့
ဒီနေ့လည်း မုန့်စားဖို့ လောက်ရုံသာ ယူခဲ့မိတာဖြစ်သည် ။

“ငါ့လည်း ‌အဒေါ်မုန့်ဖိုးမပေးဘူး ”

ထိုသို့ပြောပြီး စွဲလမ်းနိုင် အနားမှာ အပူသည်လို ထိုင်ချလိုက်တာကတော့ ‌မိုးယံသစ် ။
စွဲလမ်းနိုင်နဲ့ မိုးယံသစ် နှစ်ယောက်လုံး
ကပြိုင်တူ ပိုက်ဆံမရှိကြောင်း ညည်းနေကြတာဖြစ်သည် ။

“ ငါ့မှာအပြည့်ပါတယ်ကွ ”

ဝေဟင်ကျော်က လွယ်အိတ်ကို ကိုင်ပြီးပုတ်ပြလိုက်တော့ နှစ်ကောင်လုံးက မျက်လုံးတွေလက် လာပြီး
အတူတူ မတ်တပ်ထရပ်၏ ။

I'm Not D A D D Y's SonOnde histórias criam vida. Descubra agora