37

1K 80 6
                                    

Unicode


အိမ်ခန်းတံခါးကို လာခေါက်သည့်အသံကြားသော်လည်း သူတုပ်တုပ်မျှမလှုပ်မိ။ တံခါးကိုခေါက်သူမှာ ဦးဧကရာဇ်မှ လွဲ၍ တခြားသူမရှိ ။ ယခင်ကလဲ အလုပ်မှပြန်လာလျှင် တန်းဖွင့်၍ လာနေကျကို ယခုမှသာ ထိုလူက တံခါးလာခေါက်နေတာဖြစ်သည် ။

အုံ့မှိုင်း၍လာသော ရာသီဉတုကြောင့် အိပ်ယာထဲကပင်မထွက်ပဲ ခပ်ကွေးကွေးနေနေမိသည် ။ စာမေးပွဲကြီးပြီးချိန်မှစ၍ စွဲလမ်းနိုင်က အိမ်မှာပဲ ၁၀၉/၁၁၀ သခင်လေးလို နေနေရင်း ဦးဧကရာဇ်ရဲ့ ပိုက်ဆံတွေထိုင်ဖြုန်းနေတာ ငါးလကျော် ခြောက်လ နီးပါး ရှိနေပြီဖြစ်သည် ။
အောင်စာရင်းကလဲ ထွက်ပြီးပြီ ဖြစ်၍
သူဟာတကယ့်ကို အားယားနေသည် ။
ထုံးစံအတိုင်း မိုးယံသစ်ကတော့ ဘာသာစုံဂုဏ်ထူး ရသည် ။ ဝေဟင်နှင့်စွဲလမ်းနိုင်ကတော့ ဂုဏ်ထူး4ဘာသာ သာပါသည် ။
ဦးဧကရာဇ်ကတော့ ထိုကဲ့သို့ ထူးထူးချွန်ချွန် အောင်လာသည့်အတွက် သူတို့သုံးယောက်အား မုန့်ဖိုးပေး၍ ညစာစားပွဲပင် လုပ်ပေးခဲ့သေး၏ ။ 

စွဲလမ်းနိုင်အတွက် သီးသန့်လက်ဆောင်ကတော့ စွဲ တအားကို လိုချင်နေခဲ့ပါသော GTR -r35ကို ဝယ်ပေးခဲ့ပါ၏ ။ ကားမောင်းတတ်နေပြီ ဖြစ်သော်လည်း အမြဲတော့ မောင်းခွင့်မရသေးပါ  ။ ကားရပြီး‌... တားမရအောင် အမြဲတစေ လစ်လစ်ထွက်လွန်း၍
ဦးဧကရာဇ်နှင့် ပြဿနာဖြစ်သည်မှာလဲ မရေမတွက်နိုင် ။ နောက်ပိုင်း စွဲလမ်းနိုင်ရဲ့ဘေးမှာ သူ့ရဲ့လူယုံတော်ကို လွှတ်ထားရသည်အထိ...။

အခန်းရှေ့မှာလဲတံခါးခေါက်သံကလဲ ဆက်တိုက်ထွက်ပေါ်လာသည်မို့ အတွေးတွေကိုဖျက်ကာ ခြုံအိပ်ထားတဲ့စောင်ကို ဖယ်ချလျှက် ကုတင်ပေါ်မှဆင်းခဲ့သည် ။ ပါးစပ်ကတော့ ပွစိပွစိပြောနေမိ၏။

“ ဘာလို့ ကို့ဘာသာကိုမဖွင့်တာလဲ ၊ အရင်ကဖြင့် ပိုင်စိုးပိုင်နင်းခနခနဝင်လာပြီး.. ”

ပြောဆိုရင်းတံခါးဖွင့်လိုက်တော့ အဲ့ဒီလူက တံခါးရှေ့မှာ စမတ်ကျကျရပ်နေသည် ။ ရီချင်နေသည့် ပုံဖြစ်ပြီး မျက်ခုံးကတော့ တစ်ချက်ပင့်လျှက်..မျက်နှာကတော့ ပင်ပန်းနေသည်ထင် သိသိသာသာကို
နွမ်းလျနေသည် ။

I'm Not D A D D Y's SonHikayelerin yaşadığı yer. Şimdi keşfedin