Zawgyi
ကားလမ်းတလျှောက်လုံး ဦးဧ ၊
သာတောက်လျှောက်မောင်းလာရတယ် ။
သို့ပေမယ့် ထိုလူ့ကြည့်ရတာ မပင်ပန်းသလို ။
မျက်နှာချောချောက တည်ကြည့်နေသည် ။
စွဲလမ်းနိုင်က ကားမူးတတ်တာကြောင့်
ဦးဧနှင့်အမြဲစကားမပြောနိုင်။
စွဲကအခုဆို နှစ်ရေးသုံးရေးလောက်ပင် ရှိနေပြီ ။
ဉီးဧကတော့ အခုထိမအိပ်ရသေးပါ ။
ဒါကြောင့် စွဲလမ်းနိုင် အားနာသလိုလို
ရှိလာဝာာကြောင့် မအိပ်ပဲ နေဖို့ဆုံးဖြတ်လိုက်တယ် ။
ချက်ချင်းဆိုသလို စွဲလမ်းနိုင်ထံသို့ messengerမှ ဖုန်းဝင်လာတယ် ကြည့်လိုက်တော့ ဝေဟင်ကျော်
ဖြစ်နေလေတယ်။
အိမ်မှာဆိုလျှင် ဦးဧက wifiတပ်ပေးထားတာကြောင့်
မပူရပေမယ့် ။
အခုလို ခရီးတွေသွားနေတော့ ဒုက္ခရောက်တယ်။
ဒါကြောင့် ဘယ်သွားသွားကို data
ဖွင့်ထားတတ်တာ ။
ဦီးဧကိုကြည့်မိတော့ သူက ဒီဘက်ကို
တချက်စောင်းငဲ့ကြည့်လာတယ် ။
“ ဝေဟင် ဆက်တာ ”
“ဒါဆိုကိုင်လိုက်လေ”
“ဟုတ်”
ဦးဧရဲ့စကားကို ပြန်ဖြေပီးနောက်
ဖုန်းကိုကိုင်လိုက်တယ် ။
ဒါနဲ့တဖက်ကနေ ဝေဟင့်အသံချက်ချင်း
ထွက်လာတယ်။
“ဟေ့ရောင်ရေး မင်းရောက်ပြီလား ”
“မရောက်သေးဘူး ”
“ကားပေါ်မှာပေါ့ ခန vcကိုင်လိုက် ”
ပြောဆိုပီး ချက်ချင်းကို တဖက်ကနေ
video callလှမ်းခေါ်လာတယ် ။
“ဒီမှာ စွဲညို့သက္ကနိုင်မလား
သူကမင်းနဲ့ပြောချင်တယ်ဆိုလို့ ”
ချက်ချင်းကို ဦးဧက ကားကို ရပ်လိုက်တယ်။
ပီးတော့ ကားစတီယာရင်ပေါ်ကိုလက်တင်ပြီး
စွဲလမ်းနိုင်ဘက်ကို ဘာသဘောလဲဆိုတဲ့ အကြည့်နဲ့ တည့်ကြည့်လာတယ်။
စွဲလမ်း ကြောက်လန့်အားကြီးနဲ့ တံတွေးကို
မြိုချလိုက်တယ် ။ သူရဲ့လည်ချောင်းထဲ
တကယ် ခြောက်ကပ်နေပြီ။
ဝေဟင်က ပြောရင်းနဲ့ ဘေးမှာညို့ရယ် ၊
မိုးယံသစ်က လှည့်ပြလာတယ် ။
ANDA SEDANG MEMBACA
I'm Not D A D D Y's Son
CintaJust a Romance....🍀🍀 [ I'm not Daddy's Son, Just Daddy's Baby] [ DADDY × BABY ] / Burmese Character / / Age Gap / START - 24.Oct. 2020 END -
